မန္တလေးသို့ခရီးဆက်ခြင်း…
ကျောင်းကိုရောက်တယ်ဆိုရင်ပဲ စစ်ကိုင်းတိုင်း သရောင်းစံပြကျေး
ရွာကိုကြွခဲ့ပါဘုရား။ ညတရားပွဲအပြင် စာရေးသူကိုလဲကံထပ်မ
င်္ဂလာပြုချင်လို့ပါဆိုပြီးတော့ ဖုန်းနဲ့တစ်မျိုး စာနှင့်တတန် လူကြုံနှင့်
တစ်သီဆင့်ခေါ်လေတော့ ဒါယကာ ဒါယကာမတို့ရဲ့အကျိုးတရား
ကိုမျှော်ကိုးကာနောက်တစ်နေ့ညနေမှာတော့ ရွှေမန္တလာ
AirCon Buss Carကြီးနှင့် မဟာရန်ကုန်မှ မန္တလေးသို့ခရီးဆက်
ခဲ့ရပါတယ်။ မန္တလေးသို့မနက် ၆ နာရီလောက်ရောက်တာနဲ့ ရွှေမန္တလာသူတို့ရဲ့ Tradition လေးတွေကိုလည်း
ခံစားမိလိုက်ပါသေးတယ်။ ထိုမှတဆင့်ကားလေးတစ်စင်းခေါ်
ကာဒါယကာတွေContect လုပ်ပေးထားတဲ့ ဆရာတော်တစ်ပါးဆီ
ကိုဝင်ပြီးတိုင်ပင်စရာရှိတာများကိုတိုင်ပင်ကာ ထိုနေညနေတွင်
မန္တလေးမှ မုံရွာသို့်ခရီးဆက်ခဲ့ပါတော့တယ်။မုံရွာကိုရောက်တော့
ညနေ ၄ နာရီလောက်ရှိပါပြီး ဒါနဲ့ အလှူအတွက်ဝယ်
လာတဲ့ပရိက္ခာရာရှစ်ပါးအပါအဝင် တိုလီမုတ်စဗြုတ်စဗျင်းတောင်
တွေကိုအမြန်ယာဉ်ဆိပ်တွင် မနက်ဟုမ္မလင်းဘက်ဆန်မည့်
အမြန်ယာဉ်ကိုရှာကာပစ္စည်းပစ္စယတွေအပ်ထားခဲ့ပါတောတယ်။
ပစ္စည်းတွေအတွက်တော့တဖက်ကအေးသွားပြီဖြစ်သောလဲ
မအေးသေးတာကစာရေးသူနဲ့ သီတင်းသုံးဖော်တစ်ပါး မုံရွာမြို့မှာ
အသိမိတ်ဆွေကလဲတစ်ယောက်မှမရှိ ဒီကြားထဲအမြန်ယာဉ်
ကမနက်၎း၃၀ထွက်မည်တဲ့။ကျန်ခဲ့ရင်တာဝန်မယူဘူးတဲ့
ဒုက္ခဒုက္ခ ပါပဲလား။အဲဒီအချိန်အိပ်ယာကနိုးဖို့ဆိုတာကလည်း
အခက်သား။ အနီးနားမှာအိပ်ဖို့အတွက်ကျောင်းတွေမှာကူညီ
တောင်းရင်တော့ရနိုင်မည်ထင်ပါတယ်။ ဒါပေမဲ့မနက်အိပ်ရာကနိုးဖို့
ဆိုတာကမသေချာ။ ဒါကြောင့်တည်းခိုခန်း ၂ခု ၃ခုဆီသို့
ခြေဦးလှည့်ခဲ့ပါတယ်။ ဒါပေမဲ့ အဆင်မပြေခဲ့ပါ ဘုန်းကြီးများ
တည်လို့မရပါတဲ့။ အော်..အဲဒါမှဒုက္ခပါပဲလား။ ဒါပေမဲ့ မလျှော့သောလုံလဝီရိနဲ့နောက်တည်းခိုခန်းတစ်ခုဆီသို့
သွားဖို့ဆုံးဖြတ်လိုက်ပါပြီ။ ဒီတစ်ခါတော့ဖြစ်ကြောင်းကုန်စင်
ပြောပြလေတော့ကံကောင်းထောင့်မစွာနဲ့တည်ခိုခွင့်ရခဲ့ပါတယ်။
နောက်တစ်နေ့ မနက်၃း= ၃၀ မှာတော့တည်ခိုခန်းကတာဝန်
ကျေစွာနဲ့ လိုက်နိုးပေးတဲ့အတွက် စာရေးသူတို့အိပ်ယာမှထကာ
ဆိုက်ကားလေးနဲ့ အမြန်ယာဉ်ဆိပ်သို့ဆိုက်ရောက်ခဲ့ပါတော့တယ်၊
မနက် ၄း ၃၀ မှာတော့ထွက်ပါပြီအမြန်ယာဉ်။ အမြန်ဆိုတော့
လေတစ်ဝှီးဝှီးနဲ့တအားမြန်မှာပဲ့လို့မျှော်မှန်းထားခဲ့တာ မျှော်လင့်ထား
သလိုမဟုတ်‘လိပ်ဘိုးအေ ပတ်ကျိဘိုးတော် ‘အမြန်ယာဉ်လိုပါပဲ
စက်လှေသာသာလေးသာသွားနေပါတော့တယ်၊ စာရေးသူတို့
ထားဝယ်မြို့မှ ကော့သောင်းမြို့သို့ပြေးဆွဲနေတဲ့အမြန်ယာဉ်ဟာ
လေတစ်ဝှီးဝှီးနှင့်အလွန်မြန်လှပါတယ်။တစ်နာရီမိုင် ၃၀ အသာ
လေးပင်(ကြွာတာမဟုတ်ပါ)။
စာရေးသူပိုင်တာတစ်စင်းမှမရှိပါ။ အေလေ “ကာလံ ဒေသံ အဂ္ဂံ ဓနံ”
ဆိုတာလည်းရှိသေးတာကိုဗျ သူ့နေရာသူဒေသမှာတော့အဆင်
ပြေလျှက်ပါ(ပန်းပန်လျှက်ပါ) တအိအိနှင့်ဆန်လာလိုက်တာခရီး
လည်းတော်တော်လေးရောက်ခဲ့ပါပြီ။ ဆွမ်းကိစ္စကိုတော့လာရောင်း
တဲ့ဈေးသည်ထံမှာဘဲအဆင်ပြေသလိုဘုန်းပေးခဲ့ရပါတယ်။
တနေကုန်ခုတ်မောင်းလာပေမဲ့ စာရေးသူတို့ရောက်ခြင်တဲ့နေရာ
ကိုမရောက်သေးပါ။ ညနေ ၅ နာရီလောက်မှာတော့ ကျယ်လောင်
သောစကားသံတစ်ခုထွက်ပေါ်လာပါတယ်။ အဲဒါက ဘာလဲဆိုတော့
အမြန်ယာဉ်သောင်တင်နေလို့တဲ့။ အဲဒါကြောင့် ယောက်ျားလေးတွေ
အားလုံး ဘေးဘောင်ပေါ်ထွက်ပြီး ဟိုဖက်ဒီဖက်ခလောက်ပေးပါတဲ့ ။
အေးလေ ကိုယ်လဲယောက်ျားသားပေမို့ထွက်ခဲ့ရတာပေါ့ ။
ဘေးဘောင်ပေါ် သိပ်မကြာလိုက်ပါ။ရပါပြီတဲ့။ ပြန်ဝင်ပါဆိုတော့လဲ
ပြန်ဝင်ရပါတယ။် ဒီနေရာမှာ သူ့အမိန့်အတိုင်းပါပဲလေ။
ထိုင်ကာမှသိပ်မကြာလိုက်သေး။နောက်တစ်ခုလာပြန်ပြီ ၊ ဒီတစ်ခါတော့ယောက်ျားသက်သက်မဟုတ်တော့ပြီ။ ရှိသမျှလူတွေအားလုံးဆင်တဲ့ ။ရှေမှာရေနည်းလို့ဆိုတာနဲ့
အားလုံးဆင်းပြီးကမ်းနဘေးပေါ်ကနေလမ်းလျှောက်ပြီး
ဟိုဘက်တတိုင်လောက်အကွာမှာသွားစောင့်နေပါဆိုတော့
လဲလမ်းလျှောက်ရပြီပေါ့။လမ်းလျှောက်ပြီးသိပ်မစောင့်လိုက်ရပါဘူး ။
ရောက်လာပါပြီအမြန်ယာဉ်တက်ခဲ့ပြီးပေါ့နောက်တစ်ခါ သိပ်မကြာတဲ
တောအတွင်းမှာတော့ည ၉ နာရီထိုးပြီးမို့ဆက်မသွားတော့ဘူး၊
ဒီကမ်းနားမြို့မှာအိပ်ရမယ်ဆိုတော့လဲ ကမ်းပေါ်သို့တက်ပြီး
တည်ခိုခန်းလေးတစ်ခုမှာတစ်ညတာအိပ်စက်ခဲ့ရပြန်ပါတယ်။
နောက်တစ်နေ့မနက် ၄း ၃၀ မှာဆက်လက်ထွက်ခဲ့လေတော့
စာရေးသူတို့ရောက်ချင်တဲ့နေရာကိုနေ့လည် ၃ နာရီလောက်မှာ
ရောက်ခဲ့ပါတယ်၊ရောက်တယ်ဆိုရင်ပဲ အလ္လာပ သလ္လာပ
စကားလေးတွေပြောပြီးသက်တော်ရှည် ဆရာတော်ဘုရား
ကြီးကျောင်းမှာရှိတယ်ဆိုတာနဲ့ကျောင်းကိုသွားပြီး သက်တော်ရှည်ဆရာတော်ဘုရားကြီးကိုဖူးမျှော်ရင်း
သီတင်းသုံးခဲ့ပါတော့တယ်။
No comments:
Post a Comment