လာရောက်လည်ပတ်သူအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ

Sunday, October 30, 2011

ခရီးသွားမှတ်တမ်း....(၁)

အိန္ဒိယနိုင်ငံမှခရီးစတင်ခြင်း..

၁၃၇၂ခုနှစ် တပေါင်းလအတွင်း, 2011 ।3လပိုင်းလောက်မှာအမိမြန်မာ

ပြည်ကိုအလွမ်းပြေအနေအားဖြင့်ပြန်ပြီးတော့ခေတ္တခဏအခြေချမိပါတယ်။

ဘာများထူးခြားသလဲလို့မေးချင်မေးပါလိမ့်မယ်။အရင်ကနဲ့စာရင်တော့

နည်းနည်းပြောင်းလဲလာသလို နည်းနည်းထူးခြားလာတယ်လို့ပြောလိုရ

ပါတယ်။ opposite အနေအားဖြင့် တိုးတက်လာတဲ့အရာတွေရှိသလို

ဆုတ်ယုတ်လာတဲ့အရာတွေလည်းမြောက်များစွာတွေ့ရပါတယ်။ အေးလေ

ဖြစ်ပြန်ပျက်ပြန် လောကဓံဆိုတာလည်းရှိသေးတာကိုး။

ဘယ်အရာမဆိုအကောင်းအဆိုး၊အကြောင်းအကျိုးဆိုတာဒွန်တွဲနေတာမို့

ကိုယ့်ဘက်ရော သူဘက်ရောကြည့်တတ်တော့စိတ်ချမ်းသာသွားတာပေါ့။

စာရေးသူလည်းဒီလိုပဲကြည့်ပြီးတော့ ကိုယ်လုပ်ရမည့်အလုပ်လေးတွေကို

တတ်နိုင်တဲ့ဘက်ကနေပြီးတော့အမိမြေကိုရောက်တုန်းကြိုးပန်းခဲ့တာလေးက

ိုရေးခြစ်မိပါသေးတယ်။အိန္ဒိယနိုင်ငံဂါယာမြို့လေယာဉ်ကွင်းထဲကိုရောက်

တယ်ဆိုရင်ဖြင့်ရာသီဥတုကလည်းပူပြင်းတဲ့ရာသီ နောက်ပြီးဗုဒ္ဓမြတ်စွာဘုရား

ရှင်၏သံဝေဂယူစရာနေရာဒေသအသီးသီးကိုလာရောက်ကြည်ညိုဖူးမျှော

်ကြတဲ့စာရေးသူတို့နိုင်ငံမှဒါယကာ ဒါယကာမတွေနဲ့ဆိုတော့ဂါယာလေယာဉ်

်ကွင်းကြီးဟာတိုးမပေါက်အောင်စည်ကားနေလေရဲ့။စာရေးသူတို့ပညာသင်ကြားနေ

သောအိန္ဒိယနိုင်ငံအကြောင်းလေးကိုအနည်း ငယ်လေးမိတ်ဆက်ပေးပါရစေ။

အိန္ဒိယနိုင်ငံရဲ့မြို့တော်သည်နယူးဒေလီဖြစ်ပါတယ်။ ပြည်နယ်ပေါင်း၂၈-ခု လူဦးရေအားဖြင့်တရုပ်နိုင်ငံပြီးလျှင် ဒုတိယအများဆုးံလို့ခေါ်

လိုရတယ်။ လူဦးရေအားဖြင့်သန်းပေါင်း ၁၀၀၀ကျော်နေထိုင်ကြပါတယ်။

ဇာတ်စနစ်ပေါင်းအားဖြင့် ၃၀၀၀ကျော်ရှိတယ်လို့သိရပါတယ်။

ဘာသာအားဖြင့်မြောက်များစွာရှိပါတယ်။အများအားဖြင့်တော့

ဟိန္ဒူဘာသာဝင်တွေဖြစ်ကြပါတယ်၊စာရေးသူတို့ကိုးကွယ်ဆည်းကပ်

ယုံကြည်တဲ့ဗုဒ္ဓမြတ်စွာပွင့်ထွန်းတော်မူခဲ့တဲ့နေရာဒေသမှန်ကန်သော်

လည်း အခုအချိန်မှာဗုဒ္ဓဘာသာကိုးကွယ်သူတွေဟာအနည်းစုပင်

ဖြစ်ပါတော့တယ်။အိန္ဒိယတောင်ပိုင်းဒေါက်တာအမ်ဘေဒကာပြန်

လည်ပြီးမျိုးစေ့ချပေးခဲ့တဲ့နေရာဒေသတွေကလွဲလို့ကျန်တဲ့နေရာဒေသတွေ

မှာဗုဒ္ဓဘာသာကိုးကွယ်သောသူကိုတွေ့ရဖို့ဆိုတာအလွန်တရာမှခဲ့လှပါတယ်။

သို့အတွက်ကြောင့် ဗုဒ္ဓဘာသာနှင့်ပတ်သက်တဲ့နေရာဒေသတွေကိုမ

ပျောက်မပျက်ရလေအောင်ပိုပြီးတော့မဆုတ်ရုတ်သွားရလေအောင်ဆိုပြီး

တော့ကမ္ဘာရှေ့ဟောင်းသုတေသနဌာနနှင့်ကမ္ဘာ့ဗုဒ္ဓဘာသာနိုင်ငံများရှိ

ထေရဝါဒ, မဟာယာနဗုဒ္ဓဘာသာဝင်နိုင်ငံတို့မှပူပေါင်းထိန်းသိမ်း

လျှက်ရှိပါတယ်။

မဟာရန်ကုန်မြို့သို့တဖန်ခြေချမိခြင်း..

အမိမြန်မာပြည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ကွင်းကြီးသို့

လေယာဉ်ဆင်းသက်တယ်ဆိုရင်ပဲရင်ထဲမှာပြောမပြတတ်

သောခံစားမှုတစ်မျိုးရလိုက်တာအမှန်ပါ၊ အော်...ပြန်ရောက်ခဲ့ပြီပေါ့

အမိမြေရယ်။စာရေးသူလည်းအခြားခရီးသည် တွေနဲ့အတူ

လေယာဉ်ပေါ်ကဆင်ခဲ့ပြီး Ferry ကားဆီသို့ဦးတည်လျှောက်လှမ်းခဲ့ပါတယ်။

သိပ်မကြာခင်မှာတော့ ပစ္စည်းတွေစက်မှအလိုအလျှောက်ထွက်လာသော

နေရာကိုရောက်ခဲ့ပါတယ်၊အဲဒီမှာ မရှိမဲ့ ရှိမဲ့ ပစ္စည်းလေး

တွေကိုရှာယူရတာပေါ့ ။သိပ်မစောင့်လိုက်ရပါဘူး စာရေးသူ၏ပစ္စည်းနှစ်ခုတွင်

တစ်ခုရောက်လာပါပြီ။

နောက်တစ်ခုတော့အတော်ကြာအောင်စောင့်နေတဲ့အချိန်ထိရောက်မလာ

သေးပါ ၊ အော်..ဒုက္ခပါပဲလား။

အတူလာတဲ့သူတွေလည်း ကိုယ့်ပစ္စည်း,သူ့ပစ္စည်းယူကာသွားကုန်ပြီး

စာရေးသူမှာတစ်ယောက်တည်း ပစ္စည်းကမလာ ဒုက္ခတော့ဖြစ်ပြီ

ပစ္စည်းကသူတစ်ပါးပစ္စည်း, ဒါမှအခက်ကြုံလေပြီ သိပ်မကြာလိုက်ပါ

ဒါယကာမတစ်ယောက်ခြေလှမ်းခပ်မြန်မြန်နဲ့

ပစ္စည်းတစ်ထုပ်ယူကာ လျှောက်လာပြီး ဆရာတော်ဘာကိုစောင့်နေတာလည်းတဲ့

အော်॥မေးမှမေးတတ်ပါလေချင်း။ သိလျှက်နဲ့

မေးတဲ့သူကလည်းလေယာဉ်အတူစီးလာတဲ့သူ

ပစ္စည်းမလာလိုစောင့်နေတယ်ဆိုတော့ ဒီပစ္စည်းလားဘုရားတဲ့။

မှန်းစမ်း॥ဆိုတော့သွေးထွက်အောင်မှန်နေပြီ။

ဒါနဲ့တော်သေးတာပေါ့။ဒါယာကာမလေးရယ်ဆိုကာစပ်ဖြီးဖြီးနှင့်လုပ်

လိုက်ရပါတောတယ်။တကယ်တမ်းစိတ်ဆိုမယ်ဆိုရင်စိတ်ဆိုးစရာတော့

တော်တော်လေးကိုကောင်းနေပြီပေါ့။ အစကတည်းကိုက သူ့ပစ္စည်း

ကိုယ်ပစ္စည်းမကွဲဘူးလားလို့တော့မေးချင်စရာ၊ဒါပေမဲ့အကောင်းဘက်ကပြန်

တွေးကြည့်တော့လည်းတော်တော်လေးကိုကျေးဇူးတင်စရာကောင်း

နေပြန်ပါပြီ။ဘာကြောင့်လဲဆိုတော့ သူ့ကိုယ်လဲကိုယ့်မသိ

ကိုယ့်ကိုလဲသူမသိ ဆိုတဲ့နေရာမှာပြန်မပေးဘဲသူယူသွားသော်လဲ

ကိုယ်ဘာမှတတ်နိုင်မည်မဟုတ်။သို့အတွက်ကြောင့်စပ်ဖြီးဖြီးနဲ့ပဲခွင့်

လွှတ်ခြင်းတရား သည်းခံခြင်းတရားရင်မှာပိုက်၍ကျေးဇူးတင်ပါတယ်

ဒါယကာမကြီးရယ်လိုပဲဆိုလိုက်ရတာပေါ့၊

ပစ္စည်းလေးကိုသယ်၍လေယာဉ်ကွင်းကြီးအပြင်ကိုရောက်တယ်ဆိုရင်ပဲ

ရှေးဘုန်းရှေးကံရှိတဲ့သူတွေကျတော့ကားကြီးကားငယ်အသွယ်သွယ်နှင့်

လာကြိုနေကြတာအစီအရီပါပဲ။စာရေးသူမှာတော့တစ်ယောက်တည်း

သောင်ပြင်လွှတ်ခံရတဲ့ဟင်္သာလေးတစ်ကောင်လိုပေါ့နော်…।

ဘယ်သူမှလာကျြိမဲ့သူမရှိပါ သိုပေမဲ့ အားမငယ်ပါ။ ဘာဖြစ်လိုလဲဆိုတော့ဘယ်

သူမပြုမိမိမှု့ပဲလေ။မှတ်မိတဲ့စာပိုက်တစ်ခုကဆိုရင်

"ရှေးကကောင်းလို့ အခုကောင်းပါသည်၊ အခုကောင်း၊နှောင်ကောင်းပါလိမ့်မည်၊

ရှေးကဆိုးတော့ အခုဆိုးပါသည်၊

အခုဆိုးတော့ နှောင်ဆိုးပါလိမ့်မည်….. "တဲ့

အော်...သူတို့မှာရှေးကကုသိုလ်ကောင်းမှုတွေလုပ်ခဲ့လို့အခုဘဝမှာကောင်း

ကျတာပါလား၊ဒီပုဂ္ဂိုလ်တွေယ္ခုဘဝမှာလည်း ကောင်းဦးမယ်ဆိုရင်

အနာဂါတ်ဘဝမှာ ကောင်းဦးမှာပဲလို့တွေးမိပါတယ်။

စာရေးသူမှာတော့ အရင်ဘဝကမကောင်းခဲ့လို့ယ္ခုဘဝမှာမကောင်းတာလို့

Result အနေအားဖြင့်သိနေပြီလေ။ ဒါဆိုရင် ယ္ခုဘဝမှာကောင်းတဲ့အလုပ်

တွေကိုလုပ်ခဲ့မယ်ဆိုရင် Future Life မှာပြောစရာလိုတော့မည်မထင်ပါ။

Result အနေအားဖြင့်မျှော်ကိုးတာတော့မဟုတ်ပါဘူး။ထွန်နောက်ကိုရေပါတယ်

ဆိုတာအစဉ်ထာဝရပါ။ လောကမှာယှဉ်ပြိုင်လို့မရတဲ့အရာတွေလည်းရှိသေး

တာကိုး”ရုပ်, သံ, ကံ, ဥာဏ်, ဤလေတန်းပြိုင်ရန်မရှိပါ” တဲ့လေ ရုပ်ချောတာ

မချောတာဆိုတဲ့ရုပ်၊ကံကောင်းတယ်ကံမကောင်းဘူးဆိုတဲ့ကံ၊အသံကောင်း

တယ်အသံမကောင်းဘူးဆိုတဲ့အသံ၊ဥာဏ်ကောင်းတယ် ဥာဏ်မကောင်း

ဘူးဆိုတဲ့ဥာဏ်။ဤတရားလေးပါးကိုလောကမှာယှဉ်ပြိုင်လို့မရဘူးဆိုတာ

လူတိုင်းအသိပါ၊ ရှိပါစေတော့လေ။

သိပ်မကြာတဲ့အတေားအတွင်းမှာဒါယကာတစ်ယောက်ရောက်လာ

ပြီးတော့ ဆရာတော်ဘယ်ကိုကြွခြင်ပါသလဲဘုရားတဲ့။ လေယာဉ်ကွင်းကနေပြီး

အင်းစိန်ဆိုရင်ဘယ်လောက်ကျတယ်၊ မြောက်ဥက္ကာလာဆိုရင်ဘယ်

လောက်ကျတယ်ဆိုပြီးလာပြောလေတော့ အခုမှဒါယကာအစစ်ရောက်

လာတာပါးလားလို့မှတ်ယူပြီး ဒါကာတော်ရေး॥အင်းစိန်ကိုကြွခြင်လို့။

ဘယ်လောက်ပေးရမလဲလို့မေးပြီးတက္ကစီလေးနဲ့ထွက်ခွါလာကာ

လေယာဉ်ကွင်းကြီးကျောခိုင်းခဲ့ပါတော့တယ်။


အရှင်ဇနက(ရွှေဝယ်သားလေး(မောင်းမကန်)

No comments:

Post a Comment

ပြောချင်တာလေးပြောခဲ့ပါ

လှိုက်လှဲစွာ ကြိုဆိုပါ၏ လာလည်သူအပေါင်း အေးချမ်းသာယာကြပါစေသော်