လာရောက်လည်ပတ်သူအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ

Sunday, May 30, 2010

ရပ်ပြစ်ရှစ်ပါးအကြောင်း.....

၁. ငရဲ ဘုံ။

၂. တိရိ စ္ဆာန်ဘုံ။

၃. ပြိတ္တာဘုံ။

၎. အရူပဗြဟ္မာဘုံ။

၅. အသညသတ်ဗြဟ္မာဘုံ။

၆. ပစ္စ န္တရစ်အရပ်ဒေသ။

၇. မိစ္ဆာဒိဋ္ဌိ။

၈. ဇစ္စ န္ဓပုဂ္ဂိုလ်(ပဋိသန္ဓေနေသည်မှစ၍မျက်စိ နှာခေါင်း ခြေလက် အင်္ဂါ ချွတ်ယွင်းနေသောသူများ)

၎င်းပုဂ္ဂိုလ်များသည် မဂ်တရား ဖိုလ်တရား နှိဗ္ဗာန်း တရားများမရနိုင်သည်ကိုအစွဲပြု၍ရပ်ပြစ်ရှစ်ပါးဟု
ခေါ်ဝေါ်ကြောင်းဖြစ်ပါသည်။

Friday, May 28, 2010

စကားအင်္ဂါနဲ့အပြစ်များ

အင်္ဂါ(၅)ပါးနှင့်ပြည့်စုံသောစကား

၁။ ပြောသင့်တဲ့အချိန်မှာပြောခြင်း

၂။ မှန်ခြင်း

၃။ သိမ်မွေ့ခြင်း

၎။ အကျိုးရှိခြင်း

၅။ မေတ္တာစိတ်ပါခြင်း။

စကားများသူ၏အပြစ်(၅)မျိုး

၁။ လိမ်ခြင်း

၂။ ကုန်းတိုက်ခြင်း

၃။ ရိုင်းစိုင်းကြမ်းတမ်းသော စကားကိုပြောခြင်း

၎။ အနှစ်မရှိသောစကားကိုပြောခြင်း

၅။ သေရင်ငရဲရောက်ခြင်း။

ချင့်ချိန်ပြီးစကားပြောသူ၏အကျိုး(၅)မျိုး

၁။ မလိမ်ခြင်း

၂။ ကုန်းမတိုက်ခြင်း

၃။ ကြမ်းတမ်းတဲ့စကားကိုမပြောခြင်း

၎။ အနှစ်မရှိစကားကိုမပြောခြင်း

၅။ သေရင်နတ်ပြည်ရောက်ရခြင်း

Wednesday, May 26, 2010

ရွှေဟင်္သာဆရာတော်ဘုရား

အများအကျိုး၊ ရွက်သယ်ပိုးက၊

ခနိုးခနဲ့၊ ဆိုကဲ့ရဲ့လည်း၊

မရွဲ့မစောင်း၊ မှန်လမ်းကြောင်းကို၊

စိတ်ကောင်းနှင့်ယှဉ်၊ ရှေးရှုနှင်လော့။


သူတစ်ပါး ကောင်းတာ မကောင်းတာကို ဝေဖန်နေရမယ့်အချိန် မဟုတ်တော့ပါဘူး၊

ကိုယ်ကောင်းအောင်ပဲ နေရမယ့်အချိန် ဖြစ်နေပါပြီ၊ ဘာဖြစ်လို့လည်းဆိုတော့ သေဖို့က တဖြည်းဖြည်း နီးလာပြီလေ။

Tuesday, May 25, 2010

နေ့စဉ်ပွားများ ထိုငါးပါး

၁။ ငါသည် အိုခြင်းသဘော ရှိသည်ဖြစ်၏။ အိုခြင်း သဘောတရားကို မလွန်ဆန်နိုင်။


၂။ ငါသည် နာခြင်းသဘော ရှိသည်ဖြစ်၏။ နာခြင်း သဘောတရားကို မလွန်ဆန်နိုင်။


၃။ ငါသည် သေခြင်းသဘော ရှိသည်ဖြစ်၏။ သေခြင်း သဘောတရားကို မလွန်ဆန်နိုင်။


၎။ ငါ့အား ခပ်သိမ်းသော နှလုံးကို ပွားစေတတ်သော အဆွေအမျိုး၊ အဆွေခင်ပွန်း၊ ချစ်ကျွမ်းဝင်သူတို့ နှင့် အရပ်တစ်ပါးသို့ ပြောင်းသွားသဖြင့် ရှင်ကွဲ ကွဲရခြင်းသည် လည်းကောင်း၊ ဘ၀တစ်ပါးသို့  ပြောင်းသွားသဖြင့် သေကွဲ ကွဲရခြင်းသည် လည်းကောင်း ဖြစ်တတ်ချေ၏။


၅။ ငါသည် ကံသာလျှင် မိမိဥစ္စာရှိသည်၊ ကံသာလျှင် အကြောင်းရင်းရှိသည်၊ ကံသာလျှင် အမွေခံရှိသည်၊ ကံသာလျှင် အဆွေအမျိုးရှိသည်၊ ကံသာလျှင် ကိုးကွယ်လဲလျောင်းရာ ရှိသည် ဖြစ်၏။ ကောင်းသည်လည်း ဖြစ်သော၊ မကောင်းသည်လည်း ဖြစ်သော အကြင်ကံကို ပြုအံ့။ ထိုပြုသော ကောင်းမှု မကောင်းမှုကံ၏ ကောင်းမွေ ဆိုးမွေခံသည် ဖြစ်ရအံ့။



အဖြူရောင်မေတ္တာဘလောမှကော်ပီပါ.....

ပြောချင်တာလေးပြောခဲ့ပါ

လှိုက်လှဲစွာ ကြိုဆိုပါ၏ လာလည်သူအပေါင်း အေးချမ်းသာယာကြပါစေသော်