လာရောက်လည်ပတ်သူအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ

Tuesday, December 28, 2010

သင်ခန်းစာ

အတွေးအခေါ်ပညာရှိတဲ့သူဆိုတာ

သူများ အမှားကိုကြည့်ပြီး

ကိုယ့်အမှားမဖြစ်အောင်

သင်ခန်းစာယူတတ်တယ်။

အတွေးအခေါ်ပညာနည်းတဲ့

သူကျတော့ သူများအမှားကို

ကြည့်ပြီး သင်ခန်းစာမယူတတ်ဘူး။

ကိုယ့်ကိုယ်တိုင်မှားမှပဲသင်ခန်းစာ

ယူတတ်တယ်။

အတွေးအခေါ်ပညာလုံးလုံးမရှိတဲ့

သူကျတော့ ကိုယ်ကိုယ်တိုင်း

မှားတာတောင်သင်ခန်းစာမယူ

တတ်ဘူး....တဲ့။

Wednesday, December 22, 2010

အားလုံးဟာဒီလိုပါပဲ့

'နတ္ထိလောကေအနန္ဒိတော ' တဲ့

လုပ်ငန်းတစ်ခုလုပ်ကိုင်နေတဲ့အခါမှာကဲ့ရဲ့တဲ့အပိုင်းက

ကဲ့ရဲ့ကြသလို ချီးမွမ်းတဲ့ အပိုင်းကလည်း ချီးမွမ်းကြတယ်။

ကဲ့ရဲ့မှု ချီးမွမ်းမှုဆိုတာ ဘယ်နေရာမျိုးမှာမဆို လောကမှာအမြဲတမ်း

တည်ရှိနေတဲ့ သဘာဝဓမ္မပါပဲ့။

ဘာဖြစ်လို့ ချီးမွမ်းကြ ကဲ့ရဲ့ကြတာလည်းဆိုတော့

အကြောင်းမသိတဲ့သူက ကဲ့ရဲ့သလို

အကြောင်းသိတဲ့သူတွေက ချီးမွမ်းတယ်

တချို့ကြတော့ အကြောင်းသိလို့ ကဲ့ရဲ့တယ်

အကြောင်းမသိလိုချီးမွမ်းတယ်.....အားလုံးဟာ ဒါပါပဲ့..။

Friday, December 17, 2010

အပြစ်မရှာစေချင်..

အလုပ် လုပ်တယ်ဆိုတာ စနစ်တကျလုပ်ရတယ်

အစီအစဉ်ရေးဆွဲပြီး တိတိကျကျလုပ်ရတယ် ၊

သူများ ရဲ့အပြစ်ကိုချည်း မရှာရဘူး။

ကိုယ်အပြစ်ပဲ ကိုယ်ရှာကြည့်၊

ကိုယ်အပြစ် ကိုယ်ရှာလို့တွေ့တယ်ဆိုရင်

ပြင်ပေးလိုက်တာအကောင်းဆုးံပါ။

Wednesday, December 15, 2010

သတိထားစေချင်....

ဘယ်လို ဘဝမျိုးနဲ့ပဲနေနေ

ကိုယ်ကျင့်စာရိတ္တကောင်းအောင်နေ

ကိုယ်ကျင့်စာရိတ္တကောင်းရင်

လူကောင်းသူကောင်းလေးတွေ

ဖြစ်လာမှာအမှန်ပါပဲ...။

Sunday, December 12, 2010

ဂရုစိုက်ပါလေ..


အရာ ရောက်တဲ့ ပုဂ္ဂိုလ်တစ်ယောက်

ဖြစ်လာပြီဆိုရင်ပတ်ဝန်းကျင်ကကြည့်လာတယ်၊

ဂရုစိုက်လာတယ်။အရေးပါ အရာရောက်တဲ့

ပုဂ္ဂိုလ်ဆိုတာပတ်ဝန်းကျင်ရဲ့ အကြည့်ခံနိုင်အောင်

ပြောရ ဆိုရ၊ နေရ ထိုင်ရ၊ သွားရလာရတယ်။

Saturday, December 11, 2010

ဖြေရှင်းနည်းလေးပါ...

အခက်အခဲ့တစ်ခုကို ကြုံတွေ့လာတဲ့အခါ

တစ်ဦး တစ်ယောက်ထဲနဲ့ဆိုင်တဲ့ကိစ္စကို

တစ်ဦးတစ်ယောက်ထဲနဲ့ပဲ့ဖြေရှင်းရမယ်။

အများနဲ့ဆိုင်တဲ့ကိစ္စကိုအများနဲ့ပဲ့ ဖြေရှင်းရမယ်။

တစ်တိုင်း တစ်ပြည်လုံးနဲ့ဆိုင်တဲ့ကိစ္စကိုလည်း

တစ်တိုင်း တစ်ပြည်လုံးနဲ့ပဲ့ဖြေရှင်းရမယ်။

အဲ့ဒါမှ အမှာနည်းမှာ။

Friday, December 10, 2010

မေတ္တာစိတ်ကလေး..

ရွှင်ရွှင်လန်းလန်းကြည်ကြည်လင်လင်ရှိပြီး

ကိုယ်ချမ်းသာ စိတ်ချမ်းသာရှိကြသူတွေဟာ

မေတ္တာစိတ်ကလေး ရှိနေလိုပါ။

မေတ္တာစိတ်နည်းပါးသူတို့ရဲ့

မျက်နှာဟာကြည်လင်မှုမရှိပါဘူး

လူချစ်လူခင်လည်းနည်းပါးပါတယ်။

ရွှင်ရွှင်လန်းလန်းကြည်ကြည်လင်လင်ရှိပြီး


Thursday, December 9, 2010

အကောင်းကွက်ကိုရှာပါ..


ဒူးရင်းသီးရဲ့ ဆူးနဲ့ အနံကို

အဆိုးလို့ အပြစ်မြင်နေမယ်ဆိုရင်တော့

ဒူးရင်းသီးရဲ့ ချိုဆိမ့်တဲ့အရသာနဲ့

ခွန်အားပြည့်ဖြိုးမှုဆိုတဲ့ အကောင်းကို

လက်လွတ်ဆုံးရှုံးရမှာသေချာပါတယ်။

အရသာနဲ့ ခွန်အားဆိုတဲ့

အကောင်းကွက်ကိုမြင်အောင်ကြည်တတ်ရင်တော့

ဒူးရင်းသီးဟာဈေးကြီးပေးဝယ်စားရတဲ့

တန်ဖိုးကြီး အမြတ်တနိုးသစ်သီးအဖြစ်

စားထိုက်သူတွေရဲ့ ချစ်ခြင်းကို

ခံယူနေရတော့တာပါပဲ့။

Wednesday, December 8, 2010

ရည်မှန်းချက်...

လူတိုင်းဟာကိုယ့်ရည်မှန်ချက်

ပန်းတိုင်ရောက်ဖို့အတွက် လောကဓံ

ခရီးကြမ်းမှာ ဘဝတိုက်ပွဲမျိုးစုံကို

ဆင်နွဲနေကြရတာပါ။

ရည်မှန်းချက်ပန်းတိုင်မရောက်ခင်မှာ

အကြောင်းအမျိုးမျိုးတွေကြောင့်

မအောင်မြင်ခဲ့ကြသူတွေလည်း

ရှိကြပါတယ်။

အောင်မြင်ခဲ့ကြသူတွေလည်း

ရှိကြပါတယ်.။

Tuesday, December 7, 2010

ဘဝဆိုတာ...


ဘဝဆိုတာ လောကဇာတ်ခုံ အစုံစုံမှာ

နေရတာမို့ ဒီရေလိုပဲ့ အတက်အကျဆိုတာ

ရှိကြ စမြဲပါ ။

ပန်းတွေဟာ အနိမ့်မှာလည်းပွင့်ကြတယ်။

အမြင့်မှာလည်း ဖူးပွင့်ကြတယ် ။

လူဆိုတာလည်း ဘဝသမိုင်းပေးတာဝန်ကို

ထမ်းဆောင်နေရတဲ့အတွက်ဘယ်နေရာ

ဘယ်ဒေသမှာနေနေကိုယ့်ရဲ့ဘဝကို

အခြေလှလို့သာယာအေးချမ်းမှုတွေ

ရှိအောင်တော့နေတတ်ဖို့လိုပါတယ်..။

Monday, December 6, 2010

သစ္စာတရား...

သစ္စာဆိုတာ မှန်ကန်တဲ့အသိဖြစ်တယ်။

ရိုးသားပွင့်လင်းပြီးမှန်မှန်ကန်ကန်နေတတ်

သူဟာ သစ္စာရှင်ဖြစ်ပါတယ်..။

နောက်ပြီ


လူဆိုတာအတွေးအကြံတွေရှိထားရပါမယ်။

အတွေးအကြံဆိုတာ အနာဂတ်ဘဝအတွက်

ကောင်းသော အိပ်မက် ပန်ချီကားတစ်ချပ်

ရေးဆွဲနေခြင်းပဲ့ဖြစ်ပါတယ်။


Sunday, December 5, 2010

ရောက်ခဲ့ပါသည် ဗုဒ္ဓဂယာဆီ....


ဒီနေ့ တနင်္ဂနွေနေ့ပေါ့.....ကျောင်းတွေလဲပိတ်ထားလို့အားနေတာနှင့်

ကိုယ့်ဘလော့မှာ.....ပို့စ်အသစ်တင်မယ်လို့စိတ်ကူးရင်း ရောက်တတ်ရာရာလေး

တင်လိုက်တယ်ဗုဒ္ဓဂယာကို အင်တာနေရှင်နယ်

တိပိဋကရွတ်ဖတ်ပူဇော်ပွဲကိုရောက်ခဲ့တယ်....နိုင်ငံတကာကဗုဒ္ဓဘာသာ

ရဟန်းတော်တွေကိုဖူးတွေ့ရတော့ရင်ထဲမှာ အတိုင်းမသိတဲ့

ကြည်နူးမှုလေးတွေခံစားလိုက်ရတယ်......

နိုင်ငံတကာဆိုတော့လဲ ထိုင်း ကမ္ဘောဒီးယား လာအို ဗီယက်နမ် မြန်မာ

သီရိလင်္ကကာ နီပေါလ် တိဘက်အိန္ဒိယ အာသံ စသဖြင့်စသဖြင့်ပေါ့ဗျာ............

စာရေးသူတို့ရဲ့ ရွှေမြန်မာ မဏ္ဍပ်ကလဲ လန်ထွက်နေအောင်ကိုဆင်ထား

လိုက်ကြတာဆိုတော့ကျနော်လဲ ကြံဖန် ဂုဏ်ယူ ရတာပေါ့ဗျာနော့........

ကျနော်ပြောတာမယုံရင် ဒီဓါတ်ပုံတွေကိုကြည့်လိုက်ပေါ့....ကျနော်ပြောတာ မလွန်ဘူးနော်

လိုတောင်လိုနေဦးမယ်....တကယ်ပါ....အရမ်းကြည်နူးဖို့ကောင်းတာတော့ မယုံမရှိလိုက်နဲ့

မြတ်စွာဘုရားရှင်ပွင့်ထွန်းပေါ်ပေါက်တော်မူခဲ့တဲ့ ဟောဒီလိုဗုဒ္ဓဂယာမြေမြတ်မဟာကြီးမှာ

မြတ်စွာဘုရားရှင်45၀ါပတ်လုံးဟောကြားခဲ့တဲ့ ဓမ္မက္ခန္ဓာတရားတော်တွေကို ခုလိုတညီတညွတ်ထဲ

ပူဇော်ဆင်နွဲခွင့်ရဖို့ဆိုတာ ကြုံတောင့် ကြုံခဲ ကုသိုယ်ပွဲကြီးပဲလေ....

စာရေးသူလဲ ကိုယ့်ရဲ့ကိုယ်ပိုင်အချိန်လေးကို

ချိုးဖဲ့ပြီး အဲဒီပူဇော်ပွဲကြီး အရောက် သွားလို့ ဖူးမျှော်ပူဇော်ကြည်ခဲ့ရပါကြောင်းဗျာ..........။

Saturday, December 4, 2010

အတ္တသမား

လူဆိုသည်မှာ အတ္တသမား

ကိုယ့်အတွက်တော့ တစ်ကွက်ထား

သူများမှားတာမြင်ပါလျှင်

မေးငေါ့ မဲ့ရွဲ့ အပြစ်တင်

ကိုယ့်မှာပင် မှားပြန်က

ဖုံးလိုက် ဖိလိုက်ကြ

အတ္တဆန်သော ဤလောက

အံသြဘွယ်ရှိစွ...။



(အရှင်တေဇောဘာသ) စာအုပ်မှ .ရွှေဝယ်သားလေး(မောင်းမကန်)

Friday, December 3, 2010

မမြဲပြုံးပြနိုင်ပါစေ..

သင်က တစ်စုံတစ်ယောက်ကို ပြုံးပြလိုက်တဲ့အတွက် သင့်မှာ ဘာမှလျော့မသွားဘူး။

ဒါပေမယ့် တစ်ဖက်သားမှာ အများကြီးရသွားသလိုပဲ။

လူ့လောကမှာ ပြောတဲ့သူများတယ်။ နားထောင်တဲ့သူ နည်းတယ်။

တစ်ဖက်သားပြော တာကို တလေးတစား နားထောင်တာဟာ
အင်မတန်ကြီးမားတဲ့ ယဉ်ကျေးမှုပဲ။

ကိုယ့်စိတ်ထဲမှာ မရှင်းရင် ရဲရဲမေးဝံ့ရမယ်။

ရဲရဲတွေးဝံ့ရမယ်။ ပြောစရာရှိရင် ရဲရဲပြောဝံ့ရမယ်။


Blogger အာရုံတွေ့သောစာသားအချို့ပါ။

Thursday, December 2, 2010

ကြောင်းကံေ့ရှေရေစက်တွေကြောင့်..

ဘဝမှာဘယ်တော့မှပြန်မရနိုင်တော့တဲ့

ဆုံးရှုံးမှု နစ်နာမှု မှန်သမျှတွေကို

ထပ်ခါတလဲလဲ တွေးနေမိရင် စိတ်တွေဟာ

မွန်းကြပ်လွန်းလှပါတယ် ။

လူဆိုတာသေဖူးတဲ့ဘဝတွေကို

ရေတွက်လို့ မရနိုင်သလို ဘယ်အချိန်က

လူ့ဘဝ စခဲ့တယ်လိုလည်းရေတွက်လို့မရဘူး ။

လက်တွေ့ ဘဝမှာတော့ ဘယ်နေ့ကမှ

မွေးဖွားလာတာလို့ တွက်ချက်ရနိုင်ပေမယ့်

ဘယ်သံသရာအဆက်ဆက်က ရရှိခဲ့သလဲဆိုတာကိုမသိရပါဘူး ။

ဒီဘဝမှာ ကောင်းကျိုးဆိုးကျိုး

ဆိုတာတွေကို ခံစားနေရတာကိုက

ရှေဘဝရဲ့ ကြောင်းကံရေစက်တွေကြောင့်ပါပဲ့ ။

Wednesday, December 1, 2010

အကောင်းကိုတွေးထားပါ

အတွေ့အကြုံတွေ၊ အခြေအနေတွေအားလုံးဟာ

အသိညဏ်ဖြစ်ဖို့ ကုန်ကြမ်းတွေပဲ အသိညဏ်ဖြစ်လာရင်တော့

အဲဒါ ကုန်ချောဖြစ်သွားပြီ၊ အဲဒီအသိညဏ်ကပဲ ဘဝရဲ့ အဓိဗါယ်ဖြစ်တယ်။

ကိုယ့်အမှားတွေကို ကိုယ်သိပြီးတော့ ကိုယ်ဟာကိုယ် ပြုပြင်နိုင်တာဟာ

လွတ်လတ်မှု တစ်မျိုးဖြစ်ပါတယ်။

သူတစ်ပါးအကြောင်းကို ရာခိုင်နှုန်းပြည့် မသိနိုင်သေးရင်တဖက်သက်ကြီး

မထင်ထားပါနဲ့၊ မစွတ်စွဲပါနဲ့၊ မသိသေးရင် အကောင်းဆုံးကတော့

အကောင်းကိုပဲ တွေးထားလိုက်ပါ။


Tuesday, November 30, 2010

ဒေါသတရား..




ဒေါသတရားဟာ

ဓားနဲ့တူပါတယ် ။

ဓားဆိုတာ အရာဝတ္ထုတွေကို

ဆက်စပ်ပေးတဲ့အရာ၊

ပေါင်းစည်းပေးတဲ့အရာမဟုတ်ပါဘူး။

အရာဝတ္ထုတွေကို

ပြတ်တောက်စေတဲ့အရာ

ပျက်စီးစေတဲ့ အရာသာဖြစ်ပါတယ်။

ဒေါသတရားဟာလည်း

အကောင်းမှန်သမျှကို

ပြတ်တောက်ပျက်စီးစေပါတယ် ။

Monday, November 29, 2010


ဒါန၊ သီလ ၊ဘာဝနာဆိုတဲ့ ကုသိုလ်တရားတွေအပြည့်အဝရအောင်ပြုလုပ်နိုင်တာဟာ

လူ့ဘုံ လူ့ဌာပဲရှိတယ် ။

အပါယ်လေးဘုံကျတော့လည်း ဒုက္ခတွေများလွန်းလို့ ကုသိုလ်တောင်မပြုနိုင်ကြဘူး။

နတ်ဘုံ ၊ ဗြ ဟ္မာဘုံကျတော့လည်း ချမ်းသာတွေများလွန်းလို့ ကုသိုလ်တောင်မပြုနိုင်ကြဘူး။

ဒါကြောင့် ရသမျှ လူ့ဘဝအချိန်လေးကို ကာမဂုဏ် အာရုံတစ်ခုတည်း အတွက်

အသုံးချပစ်ကြတာဟာ ကိုယ့်ကိုယ်ကို ချစ်ရာမရောက်ပဲ နှစ်ရာရောက်တာပဲ။

ယ္ခုအချိန်များ သေခြင်းတရားရောက်လာရင် ငါတို့ ဘယ်လိုရင်ဆိုင်ကြမှာလဲ။

Saturday, November 27, 2010

အလကားမဖြစ်စေချင်ပါ..


တန်ဖိုးရှိတဲ့ စကားဆိုတာ

တန်ဖိုးသိတဲ့ ပရိသတ်ကိုမှ ပြောရတယ်။

တန်းဖိုးရှိတဲ့ စကားကို တန်းဖိုးမသိတဲ့

ပရိသတ် ရှေ့မှာ သွားပြောလိုက်ရင်

မိမိပါ အလကား လူဖြစ်သွားလိမ့်မယ်။


ဘာစကားပဲပြောပြော ပြောသင့်ပြောထိုက်တဲ့

အချိန် အခါကိုရောက်မှပြောရတယ်။

အခြေအနေနဲ့ အချိန် အခါ ကိုကြည့်ပြီးတော့လဲ

ပြောရတယ်။

အဲဒါမှ မိမိပြေားတဲ့စကားက


တန်ဖိုး ရှိပြီး ဘောင်ဝင်လာမှာဖြစ်တယ်။






Friday, November 26, 2010

ယဉ်ကျေးစေခြင်သည်.


နူးညံသော မှိုပွင့်သည် ခက်မာသော

မြေကို ဖောက်ထွင်းလာနိုင်သည်.။

အေးမြကြည်လင်သောရေသည်

ခက်မာသော ကျောက်သားကို သဲမှုန့်

မြေမှုန့်ဖြစ်အောင် တိုက်စားပစ်နိုင်သည်။

ထို့အတူ နုးညံ့သိမ်မွေ့သော

မေတ္တာနှလုံးသားပိုင်ရှင်သည်

ရိုင်းစိုင်းခက်ထန်သော သူများကို

ယဉ်ကျေးသိမ်မွေ့စေနိုင်သည်.။


သဘာဝအလှအပတစ်ခု..

ယဉ်ကျေးမှု နုပညာဟူသည် လူသားတိုင်း မခံစားတတ်ပါချေ ။

ဥပမာ ကမ္ဘာကျော် မိုနာလီဇာ၏ ပန်ချီကား ကိုပင်ဆိုကျပါစို့

မိုနာလီဇာ၏ အပြုံးသည် ကမ္ဘာပေါ်တွင် တုယှဉ်မရသည့်အလှဆုံး အနုယဉ်ဆုံး အပြုံးဟုဆိုကြတယ်။

သိုသော် ပန်ချီပညာ မျက်စိမရှိသူအတွက်မူ သာမာန်ပန်ချီကား တစ်ချပ်သာဖြစ်ချေမည်..။

အနုပညာ ဝါသနာပါသူနှင့် ပန်ချီတတ်မြောက်ထားသူများသာ မိုနာလီဇာ အပြုံးကို

ရသပြည့်စွာ ခံစားနိုင်ပါသည်။

ထိုနည်းတူစွာ ကမ္မဌာန်းခေါ်တရားအားထုတ်ခြင်းသည်လည်း လူတိုင်းအတွက်ခံစား၍မရပါချေ။

ဝါသနာ ပါသူနှင့် ပရာမီ `ဓာတ်ခေါ် အခြေခံရှိသူများသာ အားထုတ်လိုစိတ်နှင့် ဓမ္မပီတိ ပြည်ဝစွာ

ခံစားခွင့်ရနိုင်သည့် သဘာဝအလှအပတစ်ခု ဟုမြင်ပါတယ်..။

Thursday, November 25, 2010

ပေါင်းဆုံတယ်ဆိုတာ..

မြစ်ပြင်ထဲကဗေဒါ ပင်တွေဟာ

လေကြောင့်ပဲ ပေါင်းဆုံကြသလို

လေကြောင့်ပဲ့ ကွဲကွာသွားကြပါတယ်။

သံသာရာမြစ်ပြင်ထဲက

လူသားတွေဟာလည်း

ကံကြောင့်ပဲ ဆုံစည်းခွင့်ရကြသလို

ကံကြောင်ပဲ့ခွဲခွာကြရပြန်ပါတယ်။

ကံကြုံရင် ပြန်ဆုံ ကြ ဦးမှာပေါ့။

လမ်းခွဲတာ ဝမ်းနည်းစရာမလိုဘူးလေ။

ချက်ချင်းထလုပ်

ကောင်းမှု ကုသိုလ်အလုပ်ဆိုတာ

လုပ်ချင်စိတ်ထက်ထက်သန်သန်ရှိတုန်း

မြန်မြန်သွက်သွက်ထလုပ်လိုက်မှ

ထမြောက် အောင်မြင်တတ်ပါတယ်.။

အကြောင်းတစ်ခုခုပြပြီး

အချိန်ဆွဲနေမယ်ဆိုရင်

မလုပ်ဖြစ်တော့ဘဲ

လွဲချော်သွားတတ်ပါတယ်။

Wednesday, November 24, 2010

ကျွန်တော်တို့နိုင်ငံရဲ့အလံတော်သစ်..

အရင်တုန်းကအလံကိုတော့အသဲနှလုံးသားထဲမှာစွဲနေပါတယ်။

အခု အလံအသစ်ကြတော့ မမှတ်မိသေးဘူးလေ တော်ကြာနိုင်ငံတကာကို

သွားလို့ ကိုယ်နိုင်ငံအလံကိုမမှတ်မိရင်ဒုက္ခပဲလို့ မှတ်ယူပြီးတင်ထားတာပါ။

ခင်ဗျားတို့လည်း ကိုယ်နိုင်ငံတော်ရဲ့အလံကိုမြင်ရင်မှတ်မိအောင်မှတ်ထားဖို့တော့

လိုမယ်ထင်တာပဲ..။
ပြီးတော့နိုင်ငံတော်သီချင်းကို .........

ရင်ဘတ်ထဲကနေအော်လိုက်ကြရအောင်လား

"ကမ္ဘာမကြေ.... မြန်မာပြည်....ဒို့ ဘိုးဘွားအမွေအနှစ်မို့.....ချစ်မြတ်နိုးပေ....

ပြည်ထောင်စုကို....အသက်ပေးလို့....ဒို့ကာကွယ်မလေ...ဒါဒို့ပြေ...ဒါဒို့မြေ...

ဒို့ပိုင်တဲ့မြေ...ဒို့ပြည်....ဒို့မြေ..ညီညာစွာ.....ဒို့တတွေ...ထမ်းဆောင်ပါစို့လေ..."

ဒွမ်း....ဒွမ်း...ဒွမ်း...(တီးလုံးသံ)

စဉ်းစားကြည့်ပါ..

အရာရာမှာ ပြဿနာမဖြစ်အောင်

စောင့်စည်းခြင်းသည်

မိမိအကျိုးအတွက်သာဖြစ်သည်

ပြဿနာတစ်ခုခုဖြစ်ရပြီဆိုသည်နှင့် မိမိဘက်က မှားသည်ဖြစ်စေ၊

မှန်သည်ဖြစ်စေ၊ အချိန်ကုန် ၊ ငွေကုန် ဖြစ်ရတော့မည် ၊

ထိုသို့ အချိန်ကုန် ၊ ငွေကုန်မဖြစ်ရလေအောင် စောင့်ထိန်းခြင်းသည် မိမိအကျိုး

အတွက်သာ ဖြစ်သည်မဟုတ်ပါ လား...။စဉ်းစားစေခြင်ပါသည်..။

ပြဿနာမရှာစေခြင်..

မည်သူတရား ပျက်ပျက် ကိုယ်မပျက်စေနဲ့ ဟူသောစကားမှာ

လူသားတို့၏ အခြေခံ ကိုယ်ကျင့်တရားဖြစ်ပါ၏..။


မိမိကို ကောင်းမွန်စွာ မဆက်ဆံသူအပေါ် မိမိကလည်း အလားတူစွာ

တို့ပြန်တတ်ခြင်းမှာစိတ်ဓာတ် အဆင့်အတန်း နိမ့်ပါးရာရောက်ပါတယ်..။

အဆိုးတရားကို အဆိုးတရားဖြင့် ရင်ဆိုင်တို့ပြန်ခြင်းသည် ပြဿနာမီတောက်ကို

လောင်စာဆီ ထည့်ခြင်းမျိုးနှင့််ပမာတူလှပါတယ်..။

Tuesday, November 23, 2010

ဘာလုပ်မှာလည်း..


ဆရာလုပ်မှာလား ဒါမမဟုတ် ကျောင်းသားလုပ်မှာလား

ဖြစ်ခြင်တဲ့ဥစ္စာဖြစ့်ရလေအောင် အခုထဲက ကျိုးစားဖို့

အချိန်တန်နေပါပြီ ဘာလုပ်မှာလည်းစဉ်းစားပါ..။




ရာသီဥတုဆိုတာ...

နွေမှာ နေပူတာသဘာဝဖြစ်ပါတယ်..

နေပူတာကိုပူလိုက်တဲ့နေမပြီးနိုင်တော့ဘူးလို့တော့အပြစ်မဆိုစေခြင်ပါ။

ဆောင်းမှာ အေးချမ်းတာကလည်းသဘာဝပါပဲ့..

ဆောင်းမှာအေးချမ်းတာကိုလည်းချမ်းလိုက်တာကွာလို့အပြစ်မဆိုစေခြင်ပါ..။

မိုးမှာ မိုးရွာတာလည်းသဘာဝပါ..။

မိုးတွင်းမှာ မိုးရွာတာကိုလည်းအပြစ်မဆိုစေခြင်ပါ..။

နွေ , မိုး, ဆောင်း, ရာသီတွေညီမျှမှသာလျှင်အဆင်ပြေနိုင်ပါတယ်...။ဟုတ်တယ် ဟုတ် ။


စာရေးသူနှင့် အိန္ဒိယနိုင်ငံ Local များနှင့်အမှတ်တရ..။

Monday, November 22, 2010

မြင့်မိုရ်ဦး...သို့..


“ဖယောင်းတိုင် “လေးတွေဟာ သူတကာကိုအလင်းရောင်ပေးပြီး


ကိုယ်တိုင်မှာတော့ အရည်ပျော်ကျယင်း ဘဝနိဂုံးအဆုံးသတ်ရတယ် ။


“အမွှေးတိုင်” လေးတွေဟာ သူတကာကို မွှေးရနံပေးပြီး


ကိုယ်တိုင်မှာတော့ ပြာကျယင်း ဘဝနိဂုံးအဆုံးသတ်ရတယ် ။


“သနပ်ခါးတုံး “လေးတွေဟာ သူတကာက်ို ချေားမွေ့လှပစေပြီး


ကိုယ်တိုင်မှာတော့ လုံးပါး ပါးယင်း ဘဝနိဂုံးအဆုံးသတ်ရတယ် ။


“ကျေးဇူးကြီးမားတဲ့မိဘ ဆရာ သမားတွေ “လည်း ဒီလိုပါပဲ ဖြူစင်တဲ့


မေတ္တာ ၊ ကရုဏာ၊ မုဒိတာ၊ ဥက္ခောဆိုတဲ့ ဗြဟ္မစိုရ်တရားတွေရင်မှာ


ပွါးလို့ သား သမီး တပည့် တို့ရဲ့ ဘဝ တင့်တယ် လှပအောင်အမျိုးမျိုး


ပြုစု စောင့်ရှောက်ပြီး ကိုယ်တိုင်မှာတော့ တရွေ့ရွေ့ အိုမင် ရင့်ရော်


ယင်းနဲ့ ဘဝနိဂုံး အဆုံးသတ်ကြရရှာတယ် ။


အမြဲထာဝစဉ် ကြင်နာယုယမှုတွေနဲ့ အတူ အနစ်နာခံ ဘဝစတေးရှာ


ကြတဲ့ မိဘ ဆရာ သမားတွေကိုအောက်မေ့ အမှတ်တရ ကျေးဇူးတုန့်ပြန်


ပူဇော်သောအားဖြင့် အနှိင်းမဲ့ “ဗုဒ္ဒမြတ်စွာ “မိန့်မှာတော်မူခဲ့တဲ့ မင်္ဂလာတရား


တော်နှင့်အညီ ကျင့်သုံး နေထိုင်ပြီး အားလုံးပဲ လောက သာသနာ နှစ်ဖြာ


တာဝန်ကျေပွန်အောင် ထမ်းဆောင်ကြယင်း ငြိမ်းချမ်းသာယာ ရွှင်လန်းအေး


မြနိုင်ကြပါစေလို့ …….။


M.M.W.A.I.ငါးနှစ်မြောက်စာစောင်မှကော်ပီလေးပါ

အားလုံးကိုကျေးဇူးတင်ပါသည် ။ ရွှေဝယ်သားလေး(မောင်းမကန်)
ဘုရား။ တရားအားလုံးကို အကုန်အစင် အကြွင်းမရှိသိမြင်

တော်မူသောကြောင့်ဘုရားဟုခေါ်ပါသည်။

တရား။ သံသရာဝဋ္ဋ်ဆင်ရဲသို့ မကျရောက်အောင် ဆွဲဆောင်

ယူငင်တတ်သောကြောင့် တရားဟုခေါ်ပါသည်။

သံဃာ။ အယူသီလသိက္ခာတူသော ရဟန်းတို့၏ အပေါင်းအစု

ကို သံဃာဟုခေါ်ပါသည်။

ကံသုံးပါး။ ကိုယ်ဖြင့်ပြုလုပ်မှု့ကို ကာယကံ၊ နှုတ်ဖြင့်ပြေားဆိုမှုကို

ဝစီကံ၊ စိတ်ဖြင့်ကြံစည်မှုကို မနောကံ ဟုခေါ်ပါသည်..။

Sunday, November 21, 2010

စိတ်ဥယျာဉ်..

လူကောင်းစင်စစ် ဖြစ်သူတိုင်း" စိတ်"ကိုကောင်းမွန်လှပနေအောင် ပျိုးထောင်ရမည်

မွေးမြူရမည်သာဖြစ်၏ ။ စိတ် ဟူသော ဥယျာဉ်ကလေးကိုလှပသန့်ရှင်းစင်ကြယ်

အောင် ထာဝစဉ် လှည်းကျင်း ရှင်းလင်းဖို့လိုပါတယ် ။

မေတ္တာ၊ ကရုဏာ၊မုဒိတာ စသောပန်းပင်လှလှကလေးများဖြင့်တန်ဆာဆင်

ရန်လိုပါတယ်..။

Saturday, November 20, 2010


59 နှစ်မြောက် နာလန္ဒာတက္ကသိုလ်၏ Foundation Day သို့

တက်ယောက်ခဲ့သော စာရေးသူနှင့် သီတင်းသုံးဖော်များ..။

ဓာတ်တော်အုပ်စေတီလေးတွေမဟုတ်ပါ

အိန္ဒိယ Traditional ယဉ်းကျေးမှု့ ဓလေ့ရိုးရာအရ


ထမင်းအုပ် ဟင်းအုပ် ချိုအုပ် ချဉ်အုပ် များသာ ဖြစ်ပါကြောင်း..။

အရှူံ့းမဖြစ်စေခြင်ပါ...

ဒီလူကတော့ စေတနာကောင်းနဲ့မတန်ပါဘူး ဟုယူဆပြီး ထိုသူအပေါ် စေတနာကောင်း

မထားခြင်းသည် မိမိအတွက် အရှုံးသာဖြစ်သည် ။

စေတနာကောင်းထားခြင်းသည် မိမိ၏တာဝန်သာဖြစ်သည် ။

မိမိ၏ စေတနာထားမှု့အပေါ် တစ်ဖက်သူက အသိအမှတ် မပြုခြင်းသည် ထိုသူ၏ ကိစ္စသာဖြစ်သည်။

သေချာသည်ကား လူတစ်ယောက်အပေါ် စေတနာကောင်းဖြင့် ပြုမှုဆက်ဆံလိုက်ခြင်း၏

အကျိုးတရားကား တနည်းနည်းဖြင့် ကောင်းကျိုးပေးမည်မှာမလွဲဧကံအမှန်သာတည်း...။

နှလုံးလှဓမ္မစာစု မှ

ငရုပ်သီး ဟင်း


မဆာလာကတော့ထက်ဝက်ပါပဲ တော်တော်စားခဲ့ရတယ်


မဆာလာအနံ့ကိုအန်တုပြီး..။


ချစ်စရာကောင်းသောတို့စရာလေးများ

ပန်းပွင့်လေးတွေမဟုတ်ပါ သခွားသီး မုန်လာဥ ကြက်သွန်နီ


ကြက်သွန်ဖြူ စသည်ပေါ့ဗျာ..ကောင်းသလားတော့မမေ့လေနဲ့..။

နာလန္ဒာ ၅၉ နှစ်မြောက် Foundation Day တွင်ဧည့်ခံသောဟင်းလျှာများ..။


ကုလားပဲသုတ်

စပ်လိုက်တဲ့ငရုပ်သီး ဘယ်လောက်စပ်သလဲလို့မမေးပါနဲ့

နိုင်ငံရပ်ခြားတိုင်းတစ်ပါးမှာသာသနာပြုတယ်(ပညာသင်တယ် တက္ကသိုလ်တက်တယ်)

ဆိုတာလွယ်ကူသောအလုပ်တော့မဟုတ်ပါ ရှိတာလေးနဲဖြစ်အောင်စားပြီး


ရတာလေးနဲ့လှအောင်ဝတ်ကာလိုခြင်တဲ့ပန်းတိုင်းသို့လျှောက်လှမ်းနေရတာပါ...။



Friday, November 19, 2010


အင်္ဂလန်မှလာယောက်ကာ Special Lecture လာပေးသောဆရာမ Ms. Harvey

နာလန္ဒာတက္ကသိုလ်၏အဓိပတိ Director နှင့် စာရေးသူ အပါအဝင်သင်တန်းသားများ

Lecture သင်ယူနေစဉ်...။

Juy 9 2010 တွင် အမေရိကန် နိုင်ငံမှ နာလန္ဒာတက္ကသိုလ်တွင် Special Lecture

လာပေးသောဆရာမ Ms. Harvey နှင့် စာရေးသူ အမှတ်တရ...

Wednesday, November 17, 2010

လောကဧည့်သည်...

လူဟူသည် လောက၏ဧည့်သည်များသာဖြစ်ပါသည် ၊ ဧည့်သည်အဖြစ်ခေတ္တနေစဉ် အခိုက်

မိမိသာမက အများအကျိုးကိုလည်း သယ်ပိုးထမ်းဆောင်နိုင်မှသာ လာခြင်းကောင်းသော

ဧည့်သည်တစ်ဦး ဖြစ်လာပါလိမ့်မယ် ။


'သင်ကောင်းလျှင် ကျွန်ပ်မဆိုးပါ၊ သင်မကောင်းသော် ကျွန်ပ်ဆိုးရပေလိမ့်'

ဟူသောသဘေားထားမှာ ကောင်းသောနှလုံးသွင်းမဟုတ်ပါ ။

သူမကောင်းလျှင် မိမိလည်းမကောင်းနိုင်ပါဟု ဆိုးခြင်းမှာ သူတစ်ပါး၏

အတွင်းသန္တာန်ဝယ် တောက်လောင်နေသော မီးကို မိမိနှလုံးသားထဲ copy

ကူးယူလိုက်ခြင်းနှင့်ပမာတူလှပါသည်။

ဒါကြောင့် မိမိကိုယ်ကို Self Management လုပ်နိုင်သည်ဖြစ်ပါစေ။

စေတနာအသင်္ချေနှင့် ရွှေဝယ်သားလေး(မောင်းမကန်)

မြန်မာနိုင်ငံမှစီးပွားရေးပညာရှင် Dr နေဇင်လတ် သင်ကြားပို့ချသော

LEADERSHIP & MANAGEMENT( ခေါင်ဆောင်မှု)့သင်တန်းတွင်

စာရေးသူအပါအဝင်
သင်တန်းဆရာနှင့်သင်တန်းသားများ...။

နီပေါ်နိုင်ငံ၏မြို့တော်ကြီး ၃ ခုတွင်တစ်ခုအပါအဝင်ဖြစ်သော
ပေတာရာဘူမြို့တော်၏ ရှေးဟောင်းနန်တော်ကြီးနှင့် စာရေးသူ။

Tuesday, November 16, 2010

ငြိမ်းအေးစေခြင်ပါဘိ...


အခြားသူတစ်ဦးတစ်ယောက်အပေါ် ' မုန်းတီးခြင်း ' ရန်ငြိုးဖွဲ့ခြင်း ' အာဃာတထားခြင်း '

တို့သည် မိမိ၏ အတွင်းသန္တာန်တွင် မီတောက်မီလျှံများ မွှေးထားခြင်း ပင်ဖြစ်၏ ။

ထိုသူ၏ နှလုံးသားတွင် သန့်စင်ခြင်း ၊ငြိမ်းအေးခြင်းတရားများ ပျောက်ဆုံးလျှက်ရှိ၏ ။

ထို့ကြောင့် ငြိမ်းအေးခြင်း တရားများမပျောက်ရလေအောင်' မုန်းတီးခြင်း '

ရန်ငြိုးဖွဲ့ခြင်း' အာဃာတ 'ထားခြင်း တိုကိုရှောင်ကြဉ်ကြပါစို့ ။

ပြောချင်တာလေးပြောခဲ့ပါ

လှိုက်လှဲစွာ ကြိုဆိုပါ၏ လာလည်သူအပေါင်း အေးချမ်းသာယာကြပါစေသော်