လာရောက်လည်ပတ်သူအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ

Sunday, November 6, 2011

ခရီးသွားမှတ်တမ်းအပိုင်း (၃)

အလှူရက်ကလဲနှစ်ပါတ်လောက်တောင်လိုသေးတာကြောင့်စာရေး

သူမှာ ဒေသန္တရဗဟုသုတလေးတွေရှာရင်းအချိန်ဖြုန်းခဲ့ပါတယ်၊

အလှူကတော့ သူတိုဒေသအခေါ်အဝေါ်အားဖြင့် 25. 3 .2011

နေ့ပွဲစ၊ 26.3.2011နေ့ပွဲမ၊27.3.2011နေ့ရှင်မည်ခံလို့- ၃- ရက်

ကျင်ပပါတယ်။ အလှူစတယ်လို့သာဆိုတာအလှူမဖြစ်ခင်

တစ်ပါတ်လောက်အလိုကတည်းကသူတို့ရွာမှာကျွေးမွေးနေ

ရတာဆိုတော့ရက်ရှည်အလှူလို့ပြောလို့ရမယ်ထင်ပါတယ်။

စာရေးသူတို့ထားဝယ်မှာ၊ ဥပမာ ကထိန်တစ်ခုခင်တယ်ဆိုရင်

ဒီကနေ့ညနေ- ၄- နာရီလောက်သံချဲ့စက် တီးဝိုင်းစသည်စဖွင့်ပြီး မနက်ဖြန်နေ့လည်- ၁၂ -နာရီးဆိုရင်ဖြင့် အားလုးံပြီးစီးလို့မီးသေနေပါပြီ။

ဒါလောက်ပါပဲ။

သူတို့ရွာသူတိုဒေသသူတို့ဓလေ့နဲ့တော့မတူရေးချာမတူ၊

အလှူအကြိုဓမ္မသဘင်မှာတော့ပထမနေ့ သူတို့ဒေသ

နာမည်ကြီးဓမ္မကထိက ဒုတိယနေ့ စာရေးသူနှင့်အတူပါလာသည့်

မန္တလေးမှဆရာတော် တတိယနေ့ စာရေးသူအလှည့်ဆိုတော့

ဓမ္မသဘင်လည်းစည်းကားပါရဲ့၊အလှူပြီးတာနဲ့အချိန်ဆွဲလိုကမဖြစ်တာနဲ့

ကချင်ပြည်နည် ဖားကန့်မြို့ မမော်ကျေးရွာအလှူတကာတွေနေတဲ့

အိ်မ်ဂေဟာသို့ဦးတည်၍ထွက်လာသော်လဲ လမ်းတွင်မိုးရွာတာ

ကြောင့်မကြာသင့်ဘဲတောတောင်နေရာဒေသတွင်တစ်ပါတ်ကျော်

ကျော်ရှေးတိုးလို့လည်းမဖြစ် နောက်ဆုတ်လို့လည်းမရဖြစ်ခဲ့ရပါလေရော

ကြုံရဆုံရှရှတတလေးတွေပေါ့။နေလေသာလာတဲ့အချိန်မှာ

စာရေးသူတို့ထွက်လာတဲ့ကား ၂ စင်းမှာလူစုခွဲ၍ထားခဲ့ပြီး

စာရေးသူနှင့်ကလေးလေးတွေနဲလူ ၄/ ၅ ယောက်က ဘင်

ကားလေးနှင့်ခရီးစတင်ခဲ့ပြီး ကားကြီးတစ်စင်းကိုတော့ဖြင့်

တောထဲမှာပဲထားခဲ့ရပါတော့တယ်။ ဖားကန့်ကိုရောက်ပြီးတာနဲ့

ကျန်တဲ့သူတွေကိုပြန်ခေါ်ဖို့ရယ် ကားကိုပြန်ယူဖို့ရယ် အတွက်

အလှူတကာလဲအလုပ်ရှုတ်ခဲ့ပါပြီပေါ့။

စာရေးသလဲတောထဲမှာကျန်ခဲ့တဲ့ တကာ တကာမတွေအန္ထာရယ်

ကင်းရှင်းဖို့အိမ်မှာသီတင်းသုံးရင်းကိုယ်တတ်နိုင်တဲ့တာဝန်ကို

ထမ်းဆောင်ခဲ့ရပါတယ်၊နောက်တစ်နေ့မှာတော့ တောထဲမှာ

ကျန်ခဲ့သောသူတွေပြန်ရောက်လာပါပြီ ပြန်ရောက်လာတယ်

ဆိုရင်ပဲ နှစ်ပေါင်းအသင်္ချေခွဲခွာနေသောသူတွေပြန်တွေ့ရသ

လို့ဝမ်းသာကြပြီပေါ့ ။တကာတစ်ယောက်လာလျှောက်တာက

တော့ဆရာတော်ရယ်တပည်တော်တို့ကားမောက်တယ်ဘုရား

တဲ့။ ဘာများဖြစ်သွားသေးသလဲလို့မေးတော့ ဘာမှတော့

မဖြစ်ဘူးတဲ့ ။တော်သေးတာပေါ “ သေကံမရောက်သက်မပျောက်

ဆိုသလိုပါပဲ” စာရေးသူလည်းဖားကန့်မှာ ရက်အနည်းငယ်

သာနေရသေး စာရေးသူပညာသင်ရာအိန္ဒိယနိုင်ငံမှထိုင်းနိုင်ငံ

သို့ကြွရောက်နေသောသီတင်းသုံးဖော်တစ်ပါးက ငါရှင်စာမေးပွဲ

Examform တင်နေပြီလို့ကြားတယ် Representative အနေ

အားဖြင့်တင်လို့မရဘူးကိုယ်တိုင်တင်မှရတယ်လို့ပြေားတာကြောင့် စာရေးသူမှာ”မျောက်သစ်ကိုင်းလွတ်သလို”ဟိုမကိုင်မိ ဒီမကိုင်မိ

တော့ဖြစ်နေပြီပေါ့။ ဒါနဲ့ ရဟန်းတကာဦးတင်ဝင်း+ဒေါ်စန်းမြင့်တို့၏

အကူအညီကိုရယူကာ ဖားကန့်မှ မြစ်ကြီးနားသို့ဘင်ကားလေး

နဲ့တက်ပြီး New Life Hotel မှာတစ်ညတာကိန်းစက်ပြီး နောက်

တစ်နေ့မြစ်ကြီးနားမှ မန္တလေး/ မန္တလေးမှ နေပြည်တော်

/နေပြည်တော်မှ ရန်ကုန်အဆင့်ဆင့်အနေအားဖြင့်အလျင်စလို

ကမန်းကတန်း ကတိုက်ကရိုက်တက်သုတ်ရိုက်လေယာဉ်နှဲ့ပြန်

ပြေးခဲ့ရပါတော့တယ်။ရန်ကုန်ကိုရောက်တယ်ဆိုရင်ပဲ့

India Air Line တွေကိုလိုက်စုံစမ်းရပါတော့တယ်။

လေယာဉ်ကဘုရားဖူးရာသီလို တစ်ပါတ်ကိုနှစ်ခေါက်

သုံးခေါက်မသွားတော့ဘူး။ တစ်ပါတ်မှတစ်ခေါက်သာပြေး

ဆွဲပါတောတယ်။နွေရာသီမှာဂါယာမြို့သို့မဆင်ဖို့ကများ

သည်တဲ့။အေးလေ- ကိုယ်ကလဲရက်အကန့်အသတ်နဲ့

ရောက်အောင်ပြန်ရမယ်ဆိုတာကြောင့်” ပေါက်တဲ့နဖူးမထူးတော့ပြီ”

အဲဒါကြောင့် MAI ,India AirLine တိုကိုအပြေးအလွှားလိုက်

စုံစမ်းတာကြောင့်ကံကောင်းထောက်မစွာဖြင့် India Air Line

မှလက်မှတ်တစောင်ကိုရခဲ့ပါပြီ။ ထိုထက်ကံကောင်းတာက

သူတို့အဓိကဆင်းမယ်မြို့က ဂါယာမြို့ ရာသီမကောင်းမှကာလ

ကတ္တားမြို့ကိုဆင်းမည်ဆိုတာကြောင့် စာရေးသူမှာအဆိုးထည်း

ကအကောင်းလေးတော့ပေါ်ထွက်လာခဲ့ပါပြီ။ ဒါနဲ့ လေယာဉ်

လက်မှတ် Confirm ဖြစ်သွားတော့ ရက်ကြည့်လိုက်တဲ့အခါ ရက်က

လေးရက်လောက်ကွာနေတာကြောင့် ဒီကြားထဲ့ ကိုယ့်မွေးရပ်

မြေကိုပြန်ချင်သေးတာကြောင့် ထားဝယ်လေယာဉ်လက်မှတ်ကို

Two Way(Return Ticket) ဝယ်ပြီးမွေးရပ်မြေကိုအပြေး

အလွှားလေးရောက်ခဲ့ရပြန်ပြီပေါ့။ ရွာကိုရောက်တယ်ဆိုရင်ပဲ

သိတော်မူကျတဲ့အတိုင်းပါပဲ လူစိမ်းတစ်ယောက်ရောက်လာပြီဆိုရင်

တစ်ရွာလုံးအုပ်အုပ်ကျက်ကျက်ဖြစ်ကုန်တာပေါ့။

ဒါနဲ့ ဦးဇင်းနိုင်ငံခြားကပြန်လာသတဲ့ဆိုတာနဲ့ လာပါပြီအစီအရီ

တကာတကာမတွေ အခုမှဒုက္ခဖြစ်ပြီးလေ နိုင်ငံခြားကသာပြန်

လာတာဆရာသမား မိဘအတွက်မှလွဲ၍ ကျန်တဲ့လူတွေအတွက်

ယူလာခဲ့တဲ့ပစ္စည်းလေးတွေကလည်းကုန်ပြီး နောက်ဆုံးတော့

ထားဝယ်မြို့ပေါ်ကိုတက်ပြီးပြည်တွင်းဖြစ်ကိုအားပေးပါဆိုသလို

ပြည်တွင်းဖြစ်မုန့်ပါကင်တွေဝယ်ရပါတော့တယ်။

လာသမျှလူတွေကို Intro(မိတ်ဆက်) စကားလေးတွေပြော

ပြီးပြည်တွင်းဖြစ်မုန့်လေးတွေနဲ့ပဲဧည့်ခံခဲ့ရပါတော့တယ်၊

သတိထားစရာတစ်ခုက ဘုန်းကြီးကျောင်းကိုလူတွေလာ

ကြသော်လဲလူကြီးတွေကလွဲ၍ကျန်တဲ့ Generation

(မျိုးဆက်သစ်) လူငယ်လူရွယ်လေးတွေတစ်ယောက်မှပါမလာ

စာရေးသူစိတ်ထဲမှာ တော်တော်လေးစိတ်မကောင်းပဲဖြစ်သွား

ပါတယ်၊ ဘာကြောင့်မလာသလဲလို့မေးကြည့်လိုက်တော့

ဒီနေရာက ကလေးတွေနေရာမဟုတ်လို့မလာတာတဲ့

ဒီလိုအနေအားဖြင့် ရွာမှာကလေးတွေတဖြေးဖြေးနှဲ့ဘုန်းကြီး

ကိုကြောက်စရာလို့ သတ်မှတ်ကုန်ပါပြီ ဘုန်းကြီိကိုမြင်ရင်စကား

မပြောတတ်တာအသာထားပါအုန်း ဘုန်းကြီးလာပြီဆိုတာနဲ့

ထွက်ပြေးတာ အိမ်ပေါ်ကိုတက်ပြေးတာကပိုပိုများများလာနေ

တော့ဘုန်းကြီးဟာ စာရေးသူတို့ရွာဖက်မှာကြောက်စရာလို့

သတ်မှတ်ကုန်ပါတယ်။

အေလေ….ရှေးရှေးတောမှာကျောင်းထိုင်ကြတဲ့ တောရွာက

မထေရ်ကြီးတွေဟာ ရပ်ရွာကိုသြဇာအာဏာလည်းအလွန်

တရာမှညောင်းကြပါတယ်၊ဒီတော့ ကလေးတွေကိုမပြောပါနှင့်

လူကြီးတွေကိုတောင်မထင်ရင်မထင်သလိုကျိန်လုံးနှင့်လိုက်

ရိုက်လေတော့ ကြောက်ရတာလဲမပြောပါနဲ့လေး။

ဒါပေမဲ့ အခုခေတ် IT ခေတ်ကြီးထဲကိုရောက်လာတာနဲ့အမျှ

ကလေးတွေလဲ အရင်တုန်းကနဲ့မတူတာတော့အမှန်ပါပေတည်း။


အရှင်ဇနက(ရွှေဝယ်သားလေး(မောင်းမကန်)

No comments:

Post a Comment

ပြောချင်တာလေးပြောခဲ့ပါ

လှိုက်လှဲစွာ ကြိုဆိုပါ၏ လာလည်သူအပေါင်း အေးချမ်းသာယာကြပါစေသော်