လာရောက်လည်ပတ်သူအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ

Tuesday, December 27, 2011

အလုပ်ရှင်မဖြစ်စေနှင့် အလုပ်ခေါင်ဆောင်သာဖြစ်ပါစေ

အလုပ်ရှင်က အခွင့်အာဏာကို အားကိုးတယ်။

ခေါင်ဆောင်က စိတ်ကောင်း စေတနာကောင်းကို အားကိုးတယ်။

အလုပ်ရှင်က အကြောက်တရားနဲ့ ချောက်ခိုင်းတယ်။

ခေါင်ဆောင်က မေတ္တာတရားနဲ့ ဦးဆောင်တယ်။

အလုပ်ရှင်က "ငါ" လို့ပြောတယ်။

ခေါင်ဆောင်က" ငါတို"လို့သုံးတယ်။

အလုပ်ရှင်က အလုပ်ပြီးသွားပုံကိုပြတယ်။

ခေါင်ဆောင်က အလုပ်ဘယ်လိုလုပ်ရမယ်ဆိုတာသင်ပေးတယ်။

အလုပ်ရှင်က ရိုသေးလေးစားဖို့ အမိန့်ပေးတယ်။

ခေါင်ဆောင်က လေးစားထိုက်ရန် စံပြနေထိုင်တယ်။


(အခွင့်လမ်းဂျာနယ်) အရှက်ဇနက (နာလန္ဒာတက္ကသိုလ် -အိန္ဒိယနိုင်ငံ)

Monday, December 19, 2011

ထပ်ကြိုးစားလိုက်စမ်းပါ...

လူဆိုသည်မှာ ကြိုးစားရန် အခွင့်အရေးကို ရတိုင်း ကြိုးစား၍ နေရလေသည်၊

မကြိုးစားလျှင် ဘာမှမဖြစ်၊ ကြိုးစားလျှင်သော်မှ ဖြစ်ချစ်ဖြစ်မည်၊ မဖြစ်ချင်နေမည်။

သိုသော် နောက်တစ်ကြိမ် ထပ်၍ မကြိုးစားရဟူ၍ ဤလောကဉ် တားမြစ်ထား

နိုင်စွမ်း မည်သူမျှ မရှိပေ။


(ဦးထွဋ္ဋ်ခေါင်)

Friday, December 9, 2011

မျက်လုံး , နား, ပါစပ်,

လူမှာ နားနှစ်ဖက်ရှိတယ်ဆိုတာ အလာကားမဟုတ်ပါဘူး။

ဟိုဘက်ကစကား သည်ဘက်ကစကားကို နှစ်ဖက်ကြားဖို့ ရှိရတာပါ။

မျက်စိနှစ်ဖက်ရှိတာကလည်း ဟိုဘက်ကအမြင်နဲ့ သည်ဘက်ကအမြင်

နှစ်ဖက်မြင်ဖို့ရှိရတာပါ။

ပါးစပ်ကျတော့ နှစ်မျိုးမပြောရဘူးဆိုပြီး တစ်ပေါက်တည်းရှိတာပါ။



( မောင်သာရ)

Wednesday, December 7, 2011

လူချင်မတူတာဘာကြောင့်လဲ ?

၁।အသက်တိုတာ ဘာကြောင့်လဲ သူအသက်သက်လိုဘဲ၊

၂।အသက်ရှည်တာဘာကြောင့်လဲ သတ်မှု့ရှောင်လိုဘဲ၊

၃।ရောဂါများတာ ဘာကြောင့်လဲ ညှင်းဆဲတတ်လို့ဘဲ၊

၎।ရောဂါကင်းတာ ဘာကြောင့်လဲ ညှင်းဆဲကင်းလို့ဘဲ၊

၅.အဆင်းမလှတာ ဘာကြောင့်လဲ ဒေါသကြီးလို့ဘဲ၊

၆।အဆင်းလှတာ ဘာကြောင့်လဲ ဒေါသကင်းလို့ဘဲ၊

၇।ခြံရံနည်းတာ ဘာကြောင့်လဲ ငြူစူတတ်လို့ဘဲ၊

၈।ခြံရံများတာ ဘာကြောင့်လဲ ငြူစူကင်းလို့ဘဲ၊

၉।ဥစ္စာမွဲတာ ဘာကြောင့်လဲ မပေးလှူလို့ဘဲ၊

၁၀।ဥစ္စာများတာ ဘာကြောင့်လဲ ပေးလှူတတ်လို့ဘဲ၊

၁၁।အမျိုးယုတ်တာ ဘာကြောင့်လဲ မာနကြီးလို့ဘဲ၊

၁၂।အမျိုးမြတ်တာ ဘာကြောင့်လဲ မာနကင်းလို့ဘဲ၊

၁၃।ပညာမဲ့တာ ဘာကြောင့်လဲ မလေ့လာလို့ဘဲ၊

၁၄।ပညာရှိတာ ဘာကြောင့်လဲ လေ့လာသင်လို့ဘဲ၊

၁၅।လူချင်းမတူတာ ဘာကြောင့်လဲ ကံခြင်းမတူလို့ဘဲ။

Tuesday, December 6, 2011

ဘတ်(စ်)ကားစီးမမှားကြနဲ့

ကောင်းတဲ့နေ့မှာ အမှန်ဘတ်(စ်)ကားကိုစီးမိဖို့အရေးကြီးတယ်၊

ခရီးသည်တစ်ယောက်ဟာသူသွားလိုတဲ့ ဌာနရောက်ဖို့လိုင်းကားဘတ်(စ်)ကားစီးပြီးသွားရတယ်။

တစ်ခါတစ်ခါအမေားတကော အလျှင်စလိုတဲ့အခါ ကိုယ်စီးနေကျ လိုင်းကားထင်ပြီးတက်စီး

သွားမိရော ကားစီးမှားတော့ ကိုယ်ရောက်လိုတဲ့နေရာ,ဌာနကို မရောက်တော့ဘူး။

မရောက်တော့ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ကြုံရတယ်။ အကျိုးမရှိဘူး။

ဒီအတိုင်းဘဲ ကောင်းမြတ်တဲ့နေ့မှာ ကောင်းတဲ့လုပ်၊ ချမ်းသာရမယ် အလုပ်တွေကို

လုပ်မိဖို့အရေးကြီးတယ်။ မကောင်းတာတွေလုပ်မိရင် အကုသိုလ်ဖြစ်မယ်၊

အကုသိုလ်ဖြစ်ရင် အကုသိုလ်ဘတ်(စ်)ကားစီရာရောက်တယ်။ အကုသိုလ်ဘတ်(စ်)ကားစီမိရင်

အပါယ်မြို့၊ ငရဲ့မြို့၊ အသူရကယ်မြို့၊ တိရစ္ဆာန်မြို့၊ရောက်တတ်တယ်။

ဒါကြောင့် ကောင်းတဲ့နေ့မှာ ကုသိုလ်ဘတ်(စ်)ကား စီးနိုင်ကြပါစေ၊ကုသိုလ်ဘတ်(စ်)ကားစီးရင်

လူချမ်းသာမြို့၊ နတ်ချမ်းသာမြို့၊နိဗ္ဗာန်ချမ်းသာမြို့၊ကိုရောက်တော့မယ်လို့စိတ်ချယုံကြည်ထားပါ။

Sunday, December 4, 2011

လောကဓာန်တရား


ကောင်းဆိုးလောကဓာန်၊
ကြံ့ကြံ့ခံလျက်၊
အားမာန်အပြည့်၊
သတိမကွာ၊
ပညာမျော်မြင်၊
အလုပ်ဝင်၊
အလှဆင်ကြ၊တို့ဘဝ။


ဒေါက်တာ နန္ဒမာလာ
ထေရဝါဒတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော်။

အရှင်မဟာကိစ္စည်း၏အဆုံးအမ

သူတစ်ပါးက သူခိုးဆိုတိုင်းလည်း သူခိုးမဖြစ်။

သူတစ်ပါးက သူတော်ကောင်းဆိုတိုင်းလည်း

သူတော်ကောင်းမဖြစ်။

သူတော်ကောင်းဖြစ်သည် မဖြစ်သည်ကို မိမိကိုယ်တိုင်

သိသကဲ့သို့ နတ်တို့လည်းသိကြ၏။

ဆရာတော်အရှင်ဇနကာ ဘိဝံသ။

Saturday, December 3, 2011

ရလာဒ်

အဖွဲ့စည်းတိုင်းဉ် အောင်မြင်မှုရလာဒ် အကျိုးတရားသည် အပြင်ဘက်မှာပင်ရှိ၏။

ဥပမာ -စာသင်ကျောင်းတစ်ကျောင်း၏ရလာဒ်သည် အလုပ်လုပ်တတ်အောင်သင်ကြား

တတ်မြောက်သွားသည့် ကျောင်းသားပင်ဖြစ်၏။

ဆေးရုံတစ်ခု၏ရလာဒ်သည် ရောဂါပျောက်ကင်းသွားသော လူနာပင်ဖြစ်၏။

စီးပွားရေးလုပ်ငန်းတစ်ခု၏ ရလာဒ်သည် ကျေနပ်လောက်သည့်

ဖောက်သည်များပင်ဖြစ်၏။

ဘာသာရေးလုပ်ငန်း၏ရလာဒ်သည် ဗဟိန္ဒခေါ်သည့် အန္တိမပန်းတိုင်

လွတ်မြောက်ချမ်းသာရမှုတို့ပင်ဖြစ်၏။ရှာဖွေကြရ၏။


အမေသားလှ (ဇလဂ္ဂ)ဆောင်းပါးမှ

ကောက်နုတ်တင်ပြသည်။
အရှင်ဇနက(ထားဝယ်)နာလန္ဒာ။

Friday, December 2, 2011

စောင့်ရှောက်ပါသာသနာ့

သာသနာ့ ပင်ရင်း ဒီပျိုးခင်ကို

ရေသွင်း ပေါင်းသင်း ပိုးမဝင်အောင်

ပြုပြင် စောင့်ရှောက် မြေတောင်မြောက်မှ

ဖြို့မှောက်သန်းစွမ်း မြရောင်လွမ်းလျှက်

ငြို နွမ်းကင်းစင် ရှုတိုင်း ယဉ်လိမ့်။



ဗုဒ္ဓ မြတ်စွာ သာသနာ့ကို

ကောင်းစွာကြိုတင် မပြုပြင်သော်

အမြင်မှိန်မှေး အထင်းသေး၍

ယဉ်ကျေးဖွယ်ရာ အဖြာဖြာနှင့်

ဘာသာဝါဒ ဟူသမျှတို စစကုန်သုံး

ပြုတ်ပြုတ်ပြုံးလိမ့်။

ပြောချင်တာလေးပြောခဲ့ပါ

လှိုက်လှဲစွာ ကြိုဆိုပါ၏ လာလည်သူအပေါင်း အေးချမ်းသာယာကြပါစေသော်