တနေ့နေ့ဘုန်းကြီးကျောင်းတွေနဲ့ဝေးလာတာကလဲပြောစရာမလို
တော့ပါဘူး၊အေးလေ-ဒါတွေပြောမယ်ဆိုရင်အများကြီးပါပဲ။
ထားလိုက်ပါတော့ - ဒါနဲ့ ဦးဇင်းလြဲမို့ပေါ်ကိုပြန်တက်ပြီးမုန့်
သေတ္တာတွေ အချိုရည်ဗူးတွေပြန်ပြီးသွားဝယ်ရပြန်ပါတယ်။
ဘာလုပ်ဖို့လဲဆိုတော့ “အခုလူငယ် နောင်ဝယ်လူကြီး”
ဖြစ်လာမယ့်ကလေးတွေကိုဦးဇင်းOrganize လုပ်ဖို့်အတွက်ပါ။
ရောက်လာပြီဆိုတာနဲ့ ကလေးတွေကိုမိုက်နဲ့ကြေငြာပြီးလာယူ
ကြဖို့တိုက်တွန်းရတောတာပေါ့သိုပေမဲ့ ကလေးတွေထင်သလောက်
လာမယူကြပါ အရင်ကဒီလိုအစဉ်အလာမရှိလေတော့ သူတို့အ
တွက်အထူးအဆန်းပါပဲ၊ဒါနဲ့ နောက်တစ်နေ့ထပ်ဝယ်ပြီးထပ်ပေး
လှူဒါန်းတဲ့အချိန်မှာတော့ တိုးတက်လာပါတယ် မနေ့ကနဲမတူ
တာကတော့အသေအချာပါပဲ။နောက်ပြီး ဦးဇင်းပြောပြတဲ့
ဘုရားဂုဏ်တော်အကြောင်း တရားဂုဏ်တော်အကြောင်းလေးတွေ
သံဃာဂုဏ်တော်အကြောင်းလေးတွေကို သူတိုလေးတွေကိုပြော
ပြတော့နားထောင်ကြပါတယ်၊လုပ်ငန်းလေးကစတုန်းရှိပါသေးတယ်။
စာရေးသူရဲ့ Twoway လေယာဉ်လက်မှတ်ကမနက်ဖြန်ဆိုရင်
အချိန်ပြည့်တော့မယ်။ အဲဒါနဲ့ပဲ ကလေးလေးတွေကိုဟိုမ
ရောက် ဒီမရောက်ထားခဲ့ရပြီးရန်ကုန်သို့ပြန်ကြွခဲ့ရပါတော့တယ်။
ဒီအထဲမှာ အဆိုးနဲ့အကောင်းကိုကြည့်တတ်မယ်ဆိုရင်တော့
အဆိုးဘက်အနေအားဖြင့် အစပဲရှိသေးတယ် အဆုံးမသတ်ရ
သေးပါ၊အကောင်းဘက်အနေအားဖြင့် ဒီလောက်-၂-ရက်တာ
အချိန်လေးအတွင်းဒီလောက်လေး Foundation လေးချပေး
ခဲ့တာကိုက နောင်တစ်ချိန်ပြန်လုပ်ဖို့လမ်းစလေးတစ်ခုရသွားပါတယ်။
စာရေးသူပညာရေးကိစ္စတွေပြီးသွားတဲ့တစ်ချိန်ချိန်မှာတော့ဒီလုပ်ငန်း
(ပရဟိတ) Social work လုပ်ငန်းလေးကိုတစ်စိုက်မတ်မတ်လုပ်သွား
ဖြစ်လိမ့်မယ်လို့မျှော်မှန်းထားပါတယ်၊ ရန်ကုန်ရောက်ပြီးနောက်တစ်
နေ့မှာတော့ ရန်ကုန်ကျောင်းမှာသီတင်းသုံးတော်မူကြတဲ့သံဃာ
၄၅ ပါးကိုလည်းနေ့ဆွမ်းဆက်ကပ်ခဲ့ပါတယ်၊ နောက်တစ်နေ့မှာတော့
လေယာဉ်ကွင်းချိန်းက ၁၀း၃၀ ဖြစ်တာကြောင့် -၁၀- နာရီလောက်မှာ
တကာမတစ်ယောက်က ကားလေးနဲ့ပို့ပေးလို့လေယာဉ်ကွင်းကြီးကို
ရောက်ခဲ့ပါတယ်၊ ရောက်တယ်ဆိုရင်ပဲ လုပ်စရာလေးတွေလိုက်လုပ်ပြီး
အချိန်ကိုစောင့်ဆိုင်နေခဲ့ပါတယ်။စိတ်ထဲမှာတော့ အော်.. အမိမြေကို
နောက်တစ်ကြိမ်ခွဲခွာရတော့မှာပါလားဆိုပြီး စိတ်ထဲမှာမကောင်း
တာကတော့အမှန်ပါ။ အနားမှာရှိတဲ့ လိုက်ပို့တဲ့ တကာတကာမတွေ၏
မျက်နှာကိုကြည်မိပြန်တော့လဲမျက်ရည်လေး ကလည်ကလည်နဲ့ဆိုတော့
သူတို့မျက်ရည်ကတစ်မျိုး စာရေးသူ စိတ်မကောင်းတာကတစ်မျိုး ခံစား
ချက်ကွဲပြားနေတာကတော့အမှန်ပါ။စာရေးသူကအမိမြေကိုခွဲခွာရ
တော့မယ်ဆိုတဲ့စိတ်မကောင်းမှု့၊ တကာတကာမတို့ရဲ့မျက်ရည်က
ငါတို့ဆရာတော်ပြန်ကြွသွားတော့မယ်ဆိုတဲ့စိတ်မကောင်းမှု့မတူပါ။
၁၁-နာရီမှာတော့လက်ပြနှုတ်ဆက်ကာခွဲခွာခဲ့ပြီး အားလုံးကိုနှုတ်
ဆက်ခဲ့ပါတယ် အမိမြေရယ်၊ တကာတကာမတွေရယ်လို့။
လမ်းခွဲတာဝမ်းနည်းစရာမှ မဟုတ်တာလေ…..။ဆိုပြီ….
ဆရာတော် အရှင်ဆန္ဒာဓိကရဲ့စကားလေးနှင့်ပဲဖြေသိမ့်ရတော့ပေမပေါ့။
ရွှင်လန်းချမ်းမြေ့ပါစေ။ အရှင်ဇနက(ရွှေဝယ်သားလေး မောင်းမကန်)
ခေတ္တအိန္ဒိယနိုင်ငံ .နာလန္ဒာတက္ကသိုလ်။
No comments:
Post a Comment