လာရောက်လည်ပတ်သူအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ

Thursday, March 25, 2010

သရဏဂုံစွမ်းအံမခမ်း အကျိုးတရား

(၁) ဘယံ ဟိံသတိ ၀ိနာသေတီတိ သရဏံ၊

ဘေးအမျိုးမျိုးကို ပယ်ဖျောက်တက်သောကြောင့် သရဏဂုံ၊


(၂) သန္တာသံ ဟိံသတိ ၀ိနာသေတီတိ သရဏံ၊

စိတ်၌ပြင်းစွာ ထိပ်လန့်ခြင်းကို ပယ်ဖျောက် ဖျက်ဆီးတတ် သေကြောင့် သရဏဂုံ၊


(၃) ဒုက္ခံ ဟိံသတိ ၀ိနာသေတီတိ သရဏံ၊

ကိုယ်ဆင်းရဲခြင်းကို ပယ်ဖျောက်ဖျက်ဆီးတတ်သောကြောင့် သရဏဂုံ၊


(၄) ဒုဂ္ဂတိံ ဟိံသတိ ၀ိနာသေတီတိ သရဏံ၊

မကောင်းသဖြင့် လားရောက်အပ်သော အပါယ်လေးဘုံကို ပယ်ဖျောက်ဖျက်ဆီးတက်သောကြောင့် သရဏ ဂုဏ်၊


(၅) ပရိကိလေသံ ဟိံသတိ ၀ိနာသေတီတိ သရဏံ၊

ထက်ဝန်းကျင် ပူလောင်ခြင်းကို ပယ်ဖျောက် ဖျက်ဆီးတက် သောကြောင့် သရဏဂုံ၊



ရတနာသုံးပါး ကိုးကွယ်ဆည်းကပ်သူတို့မှာ ကိုသိုလ်စိတ်တွေဖြစ်ပါတယ်။ ထိုကုသိုလ်စိတ်ကြောင့် ဘေးအမျိုး မျိုး

ရန်အသွယ်သွယ် အန္တရာယ်ဟူသမျှကို ဖျက်ဆီးခြင်း၊ စိတ်ထဲ၌ ပြင်းစွာထိတ်လန့်ခြင်းကို ပယ်ဖျောက်ခြင်း၊

ကိုယ်ဆင်းရဲခြင်းမှ လွန်မြောက်ခြင်း၊ နောက်ဘ၀၌ ငရဲတိရစ္ဆာန် ပြိတ္တာ အသူရကာယ် အပါယ်လေးဘုံသို့

မလားရောက်ရခြင်း၊ ထက်ဝန်းကျင် ပူလောင်မှုမှန်သမျှကိုလည်း လွန်မြောက်စေခြင်းစတဲ့ အကျိုးကျေးဇူးတွေ

ကိုရရှိစေပါတယ်။

No comments:

Post a Comment

ပြောချင်တာလေးပြောခဲ့ပါ

လှိုက်လှဲစွာ ကြိုဆိုပါ၏ လာလည်သူအပေါင်း အေးချမ်းသာယာကြပါစေသော်