လာရောက်လည်ပတ်သူအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ

Thursday, March 25, 2010

ရောင်ခြည်တော်(၆)သွယ် နှင့် ဗုဒ္ဒသာသနာ့....

ယခု ဗုဒ္ဓသာသနာ့အလံသည် မြတ်စွာဘုရား၏ ရောင်ခြည်တော် (၆)သွယ်ကို ဖော်ကျူးထားခြင်းပင်ဖြစ်သည်။

အမေရိကန်လူမျိုး ဗိုလ်မှူးကြီး (အငြိမ်းစား) ဟင်နရီစတီးလ်အော်လကော့

(ဗုဒ္ဓဘာသာဝင်အဖြစ် ကူးပြောင်းလာသူ)

၏ စေတနာ နှင့် ပညာကြောင့် ဗုဒ္ဓ၏ ရောင်ခြည်တော် (၆)သွယ်ကို စိတ်ကူးတီထွင်ကာ

ဗုဒ္ဓသာသာသနာ့အလံဟူ၍

(၁၈၈၅) ခုနှစ်ကတည်းက သီဟိုဌ်ကျွန်း(သီရီလင်္ကာ) မှာ လွင့်ထူနိုင်ခဲ့သည်။


(၁၉၅၀)ပြည့်နှစ် သီရီလင်္ကာမှာ ကျင်းပသည့် ကမ္ဘာ့ဗုဒ္ဓဘာသာညီလာခံတွင် ထိုအလံတော်ကို တစ်ကမ္ဘာလုံး

က ဗုဒ္ဓသာသနာ့အလံတော်အဖြစ် အတည်ပြုခဲ့ကြသည်။ မြန်မာနိုင်ငံတွင်မူ ၁၉၅၆(၁၃၁၈)ခု ဆဌသင်္ဂါယနာ

တင် ပွဲ တော်(မဟာပါသာဏလိုဏ်ဂူ၊ကမ္ဘာအေးဘုရား) မှာ ဗုဒ္ဓသာသနာ့အလံကို စတင် လွှင့်ထူခဲ့သည်။

(S.S ခင်မောင်အေး၏ စာအုပ်မှကူးယူ ဖော်ပြသည်။)

No comments:

Post a Comment

ပြောချင်တာလေးပြောခဲ့ပါ

လှိုက်လှဲစွာ ကြိုဆိုပါ၏ လာလည်သူအပေါင်း အေးချမ်းသာယာကြပါစေသော်