လာရောက်လည်ပတ်သူအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ

Thursday, March 25, 2010

အမြင်မှန်ပါစေ

လောကကြီးထဲမှာ တိုက်နဲ့ တာနဲ့၊ကားနဲပြည့်ပြည့်စုံစုံချမ်းချမ်းသာသာ

ကျန်းကျန်းမာမာ နေထိုင်နိုင်အောင် မရသေးတဲ စီးပွါးဥစ္စာတွေကို ရအောင်


ကြိုးစားလုပ်ကိုင်ရမယ်။ ရပြီးသားစီးပွါးဥစ္စာတွေကိုတိုးပွါးလာအောင် မဆုတ်


ယုတ်အောင်ကြိုးစားလုပ်ကိုင်ရမယ်။ အဲဒီလို လုပ်ရမည်အလုပ်တွေကို မလုပ်ဘဲ့ နေမယ်ဆိုရင်တော့

အဲဒီပုဂ္ဂိုလ်ကို အန္ဓ - စီးပွါးရှာတဲ့မျက်စိကန်းနေတဲပုဂ္ဂိုလ်လို ခေါ်ဆိုနိုင်ပါတယ်။


စီးပွါးရှာတဲ့မျက်စိသာကန်သာမဟုတ်သေးဘူး။ ကုသိုလ်မျက်စိလည်း


ကန်းနေတတ်ပါသေးတယ်၊ကုသိုလ်မျက်စိမကန်းအောင်တော့သတိထားစေချင်တယ်၊

ကုသိုလ်မျက်စိကန်းတဲ့ပုဂ္ဂိုလ်လည်းပဲ အန္ဓ ပါဘဲ့။



ဒါကြောင့် အဲဒါလို စီးပွါးရေးမျက်စိ၊ ကုသိုလ်ရေးမျက်စိချို့တဲ့နေတဲ့

ပုဂ္ဂိုလ်များကို မပေါင်းသင်းရ ၊ ကိုယ်ပါ ချို့တဲ့လိမ့်မယ်။ အဝေးကြီးကရှောင်

ကြပါလို့ ဘုရားရှင်က မိန်းတော်မုခဲ့ပါတယ်။

တဖက်မြင်ပုဂ္ဂိုလ်ကတော့ လောကကြီးထဲမှာ တိုက်နဲ့ တာနဲ့ပြည်ြ့ပည်စုံစုံနေရအောင်ဆိုပြီး

စီးပွါးတွေကြိုးစားပမ်းစားရှာဖွေလုပ်ကိုင်ပါတယ်။စီးပွါးရမယ်ဆိုရင်၊ချမ်းသာရမယ်ဆိုရင်၊မဟုတ်တာမှန်သမျှအကုန်လုပ်တယ်၊အဲဒီတော့ယခုဘဝချမ်းသာရေး

ဘောဂမျက်စိသာပြည့်စုံပြီး တမလွန်ချမ်းသာရေးပုညမျက်စိတော့ချွတ်ယွင်း

နေခဲ့ပါတယ်။ ဒါကြောင့် ဘုရားရှင်က ယခုဘဝချမ်းသာပြီး နောင်ဘဝဆင်ရဲ

အောင်လုပ်နေတဲ့တစ်ဖက်မြင်ပုဂ္ဂိုလ်ကိုလည်း မပေါင်းသင်းရ၊ ကိုယ်ပါ နောင်

ဘဝဆင်ရဲ့လိမ်မယ်။ အဝေးကြီးကရှောင်ကြပါလို့ဟေားကြားတော်မုခဲ့

ပါတယ်။


ဒါကြောင့် မျက်မှောက်ဘဝချမ်းသာအောင်လုပ်ကိုင်တတ်တဲ့ စီးပွါးရေးပညာ

ရှင်ပုဂ္ဂိုလ်၊ တမလွန်ချမ်းသာအောင် ဆောင်ရွက်တတ်တဲ့ကုသိုလ်ရေး+ပညာ

ရှင်ပုဂ္ဂိုလ်များကို အမြန်ချဉ်းကပ် နီးစပ်အောင်နေပြီး မှီခိုကြပါ။ပေါင်းသင်ကြ

ပါ၊ ဆက်ဆံကြပါလို့ဘုရားရှင်က တိုက်တွန်းနိုးဆော်တော်မူခဲ့ပါတယ်။

တရားသဖြင့်ကြီးပွါးချမ်းသာအောင် လုပ်ကိုင်ဆောင်ရွက်တတ်တဲ့စီးပွား

ရေးမျက်စိ၊ ကိုယ်တိုင်လည်းလှူ ၊သူတစ်ပါးလှူအောင်လည်းတိုက်တွန်းနိုး

ဆော်တတ်တဲ့ ကုသိုလ်ရေးမျက်စိ၊ အဲဒီလိုစီးပွားရေးမျက်စိ၊ကုသိုလ်ရေးမျက်

စိ၊ နှစ်ပါးစုံရှိမှ ယခုဘဝလည်းချမ်းသာ၊ နောင်ဘဝလည်းချမ်းသာမှာပါ။

ဒါကြောင့် ယခုဘဝလည်းချမ်းသာ၊ နောင်ဘဝလည်းချမ်းသာချင်ရင်

လုဖြစ်ရကျိုးနပ်ချင်ရင် စီးပွါးရေးမျက်စိ၊ ကုသိုလ်ရေးမျက်စိဘက်ပေါင်းစုံ

ကောင်းအောင်ကြိုးစားဖို့လိုပါတယ်ဆိုတဲ့ကြောင်းလေးကိုတင်ပြလိုက်ပါ

သည်………..။……..။

မြတ်ဗုဒ္ဓဟေားကြား
မှတ်မိသမျှ…..။
(ထားဝယ်သား)

No comments:

Post a Comment

ပြောချင်တာလေးပြောခဲ့ပါ

လှိုက်လှဲစွာ ကြိုဆိုပါ၏ လာလည်သူအပေါင်း အေးချမ်းသာယာကြပါစေသော်