Tuesday, March 30, 2010
သာသနာပြုခရီးစဉ်......
ကိုးရီးယား မင်းသားတစ်ယောက်နှင့်
အတူ အမှတ်တရ..။
နိုင်ငံတစ်ခု လူမျိုးတစ်ခုအတွင်းမှာ သူနေရာနှင့်သူ
Traditional (ဓလေ့ရိုးရာ)ရှိသောကြောင့် ကိုးရီးယားသည်
လည်း သူ့ယဉ်ကျေးမှုနှင့်သူတော့အမှန်ပါ..။
စာရေးသူတို့နိုင်ငံမှာလည်း Traditional ကိုမပျောက်မပျက်ရ
လေအောင်ထိန်းသိမ်းထားသင့်ပါတယ်..။

Saturday, March 27, 2010
ဦးသုတော်လေး၏ နိုးဆော်သံ.......

ဒါကြောင့် ဦးသူတော်လေးရဲ့
နိုးဆော်ချက်လေးကိုဖတ်ရင်းသတိရနိုင်ပါစေ ။
ဒါနမပါ သံသရာ။ ဥစ္စာချို့တဲ့သည်။
သီလမပါ ။သံသရာ။ရောဂါများတတ်သည်။
ဘာဝနာမပါ။သံသရာ။ရှည်ကြာနေရမည်။
ဒါန သီလာ၊ ဘာဝနာ၊ကိုယ်သာပြုမှကိုယ်ရမည်။
ကပ်(၃)ပါးအကြောင်း…..
(၁) ဒုဗ္ဘိက္ခရကပ်……..ငတ်မွတ်ခေါင်းပါးသောဘေးဒုက္ခကြောင့်
ပျက်စီးရခြင်း။
`
(၂) သတ္တန္တရကပ်…….လက်နက်ဘေးဒုက္ခကြောင့်ပျက်စီးခြင်း။
(၃) ရောဂန္တရကပ်…….ရောဂါဘေးဒုက္ခကြောင့်ပျက်စီးခြင်း။
ပျက်စီးရခြင်း။
`
(၂) သတ္တန္တရကပ်…….လက်နက်ဘေးဒုက္ခကြောင့်ပျက်စီးခြင်း။
(၃) ရောဂန္တရကပ်…….ရောဂါဘေးဒုက္ခကြောင့်ပျက်စီးခြင်း။
အပါယ် (၄ )ပါးအကြောင်း……
ချမ်းသာခြင်းကင်းဝေး၍ ကုသိုလ်ကောင်းမှု့ဘာတစ်ခုမှပြုခွင့်မရသော
အရပ်ဋ္ဌာနကိုအပါယ်ဘုံ (အပါယ်) ဟုခေါ်ပါသည်။
(၁) ငရဲ....ချမ်းသာခြင်းကင်းဝေး၍ဆင်ရဲဒုက္ခအတိပြီးသောဘုံဋ္ဌာန။
(၂) တိရ စ္ဆာန်.…မဂ်ဖိုလ်မမှီး အချီးနှီးသော(မဂ်ဖိုလ်နှင့်ဖီလာ)ဖြစ်သော
သတ္တာဝါ။
(၃) ပြိ တ္တာ….ချမ်းသာသုခ ကင်းဝေး၍နေရသောသတ္တာဝါ။
(၄) အသူရကာယ်…မတင့်တယ်၊မတောက်ပ၊မထက်မြတ်သောသတ္တာဝါ။
(ပြိတ္တာ အကြီးစားမျိုး)

Friday, March 26, 2010
မြတ်ဗုဒ္ဒ၏ ဗုဒ္ဒဝင် အကျဉ်းဆောင်ပုဒ်ရှင်းလင်းချက်....
မ, သိ, ကြ, လတ်၊ တွေး, ဆ, အပ်၊ နေ့မြတ် ခုနှစ်ထွေ။
သန်, ဖွား, တော, ပွင့်၊ စက်, စု, သင့်၊ ရှင်ပင့် သာကိဆွေ။
ရှင်းလင်းချက်
၁။ မ - ကြာသပတေးနေ့တွင်
သန် - ပဋိသန္ဓေ နေတော်မူပါသည်။
၂။ သိ - သောကြာနေ့တွင်
ဖွား - ဖွားမြင်တော်မူပါသည်။
၃။ ကြ - တနင်္လာနေ့တွင်
တော - တောထွက်တော်မူပါသည်။
၎။ လတ် - ဗုဒ္ဓဟူးနေ့တွင်
ပွင့် - ဘုရားပွင့်တော်မူပါသည်။
၅။ တွေး - စနေနေ့တွင်
စက် - ဓမ္မစကြာတရား ဟောတော်မူပါသည်။
၆။ ဆ - အင်္ဂါနေ့တွင်
စု - စုတိ ပရိနိဗ္ဗာန် စံတော်မူပါသည်။
၇။ အပ် - တနင်္ဂနွေနေ့တွင်
သင့် - တေဇောဓာတ် (မီးသင့်) လောင်တော်မူပါသည်။
ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားကြီး၏
ခုနစ်နေ့ဘုရားရှိခိုး
Thursday, March 25, 2010
သရဏဂုံစွမ်းအံမခမ်း အကျိုးတရား
(၁) ဘယံ ဟိံသတိ ၀ိနာသေတီတိ သရဏံ၊
ဘေးအမျိုးမျိုးကို ပယ်ဖျောက်တက်သောကြောင့် သရဏဂုံ၊
(၂) သန္တာသံ ဟိံသတိ ၀ိနာသေတီတိ သရဏံ၊
စိတ်၌ပြင်းစွာ ထိပ်လန့်ခြင်းကို ပယ်ဖျောက် ဖျက်ဆီးတတ် သေကြောင့် သရဏဂုံ၊
(၃) ဒုက္ခံ ဟိံသတိ ၀ိနာသေတီတိ သရဏံ၊
ကိုယ်ဆင်းရဲခြင်းကို ပယ်ဖျောက်ဖျက်ဆီးတတ်သောကြောင့် သရဏဂုံ၊
(၄) ဒုဂ္ဂတိံ ဟိံသတိ ၀ိနာသေတီတိ သရဏံ၊
မကောင်းသဖြင့် လားရောက်အပ်သော အပါယ်လေးဘုံကို ပယ်ဖျောက်ဖျက်ဆီးတက်သောကြောင့် သရဏ ဂုဏ်၊
(၅) ပရိကိလေသံ ဟိံသတိ ၀ိနာသေတီတိ သရဏံ၊
ထက်ဝန်းကျင် ပူလောင်ခြင်းကို ပယ်ဖျောက် ဖျက်ဆီးတက် သောကြောင့် သရဏဂုံ၊
ရတနာသုံးပါး ကိုးကွယ်ဆည်းကပ်သူတို့မှာ ကိုသိုလ်စိတ်တွေဖြစ်ပါတယ်။ ထိုကုသိုလ်စိတ်ကြောင့် ဘေးအမျိုး မျိုး
ရန်အသွယ်သွယ် အန္တရာယ်ဟူသမျှကို ဖျက်ဆီးခြင်း၊ စိတ်ထဲ၌ ပြင်းစွာထိတ်လန့်ခြင်းကို ပယ်ဖျောက်ခြင်း၊
ကိုယ်ဆင်းရဲခြင်းမှ လွန်မြောက်ခြင်း၊ နောက်ဘ၀၌ ငရဲတိရစ္ဆာန် ပြိတ္တာ အသူရကာယ် အပါယ်လေးဘုံသို့
မလားရောက်ရခြင်း၊ ထက်ဝန်းကျင် ပူလောင်မှုမှန်သမျှကိုလည်း လွန်မြောက်စေခြင်းစတဲ့ အကျိုးကျေးဇူးတွေ
ကိုရရှိစေပါတယ်။

ပေါင်းသင်းနေထိုင်နည်း
--
အသေ၀နာ စ ဗာလာနံ၊ ပဏ္ဍိတာနဉ္စ သေ၀နာ။
ပူဇာ စ ပူဇနေယျာနံ၊ ဧတံ မင်္ဂလ မုတ္တမံ။
၁။သူမိုက်ကို မမှီဝဲ မပေါင်းသင်းရလို့ဗုဒ္ဓမြတ်စွာ ဟေားကြားခဲ့ပါသည်။
၂။ပညာရှိသူကိုမှီဝဲဆည်းကပ် ပေါင်းသင်းနေထိုင်ရမည်လို့ ဘုရားရှင်ဟေားကြားထားခဲ့ပါသည်၊
၃။ပူဇော်ထိုက်သူကို လည်း ပူဇော်ဆည်းကပ်ပါလို့ ရှင်တော်ဘုရားဟေားကြားတော်မူခဲ့ပါသည်၊
ဤသုံးပါးသောတရားတော်တွေဟာ မြတ်သောမင်္ဂလာတရားတွေပါ....။

ရောင်ခြည်တော်(၆)သွယ် နှင့် ဗုဒ္ဒသာသနာ့....
ယခု ဗုဒ္ဓသာသနာ့အလံသည် မြတ်စွာဘုရား၏ ရောင်ခြည်တော် (၆)သွယ်ကို ဖော်ကျူးထားခြင်းပင်ဖြစ်သည်။
အမေရိကန်လူမျိုး ဗိုလ်မှူးကြီး (အငြိမ်းစား) ဟင်နရီစတီးလ်အော်လကော့
(ဗုဒ္ဓဘာသာဝင်အဖြစ် ကူးပြောင်းလာသူ)
၏ စေတနာ နှင့် ပညာကြောင့် ဗုဒ္ဓ၏ ရောင်ခြည်တော် (၆)သွယ်ကို စိတ်ကူးတီထွင်ကာ
ဗုဒ္ဓသာသာသနာ့အလံဟူ၍
(၁၈၈၅) ခုနှစ်ကတည်းက သီဟိုဌ်ကျွန်း(သီရီလင်္ကာ) မှာ လွင့်ထူနိုင်ခဲ့သည်။
(၁၉၅၀)ပြည့်နှစ် သီရီလင်္ကာမှာ ကျင်းပသည့် ကမ္ဘာ့ဗုဒ္ဓဘာသာညီလာခံတွင် ထိုအလံတော်ကို တစ်ကမ္ဘာလုံး
တင် ပွဲ တော်(မဟာပါသာဏလိုဏ်ဂူ၊ကမ္ဘာအေးဘုရား) မှာ ဗုဒ္ဓသာသနာ့အလံကို စတင် လွှင့်ထူခဲ့သည်။
(S.S ခင်မောင်အေး၏ စာအုပ်မှကူးယူ ဖော်ပြသည်။)
ပညာပြည့်ဝနှလုံးလှ
ပညာပြည့်ဝ၊နှလုံးလှသော်
ကိစ္စကြီးငယ်၊ဆောင်ရွတ်ဖွယ်လျှင်
ကျဉ်းကျယ်၊ထွင်းဖောက်
ဖြတ်တောက်လိုရာ၊
ပြီးနိုင်စွာ၏။
အမြင်မှန်ပါစေ
လောကကြီးထဲမှာ တိုက်နဲ့ တာနဲ့၊ကားနဲပြည့်ပြည့်စုံစုံချမ်းချမ်းသာသာ
ကျန်းကျန်းမာမာ နေထိုင်နိုင်အောင် မရသေးတဲ စီးပွါးဥစ္စာတွေကို ရအောင်
ကြိုးစားလုပ်ကိုင်ရမယ်။ ရပြီးသားစီးပွါးဥစ္စာတွေကိုတိုးပွါးလာအောင် မဆုတ်
ယုတ်အောင်ကြိုးစားလုပ်ကိုင်ရမယ်။ အဲဒီလို လုပ်ရမည်အလုပ်တွေကို မလုပ်ဘဲ့ နေမယ်ဆိုရင်တော့
အဲဒီပုဂ္ဂိုလ်ကို အန္ဓ - စီးပွါးရှာတဲ့မျက်စိကန်းနေတဲပုဂ္ဂိုလ်လို ခေါ်ဆိုနိုင်ပါတယ်။
စီးပွါးရှာတဲ့မျက်စိသာကန်သာမဟုတ်သေးဘူး။ ကုသိုလ်မျက်စိလည်း
ကန်းနေတတ်ပါသေးတယ်၊ကုသိုလ်မျက်စိမကန်းအောင်တော့သတိထားစေချင်တယ်၊
ကုသိုလ်မျက်စိကန်းတဲ့ပုဂ္ဂိုလ်လည်းပဲ အန္ဓ ပါဘဲ့။
ဒါကြောင့် အဲဒါလို စီးပွါးရေးမျက်စိ၊ ကုသိုလ်ရေးမျက်စိချို့တဲ့နေတဲ့
ပုဂ္ဂိုလ်များကို မပေါင်းသင်းရ ၊ ကိုယ်ပါ ချို့တဲ့လိမ့်မယ်။ အဝေးကြီးကရှောင်
ကြပါလို့ ဘုရားရှင်က မိန်းတော်မုခဲ့ပါတယ်။
တဖက်မြင်ပုဂ္ဂိုလ်ကတော့ လောကကြီးထဲမှာ တိုက်နဲ့ တာနဲ့ပြည်ြ့ပည်စုံစုံနေရအောင်ဆိုပြီး
စီးပွါးတွေကြိုးစားပမ်းစားရှာဖွေလုပ်ကိုင်ပါတယ်။စီးပွါးရမယ်ဆိုရင်၊ချမ်းသာရမယ်ဆိုရင်၊မဟုတ်တာမှန်သမျှအကုန်လုပ်တယ်၊အဲဒီတော့ယခုဘဝချမ်းသာရေး
ဘောဂမျက်စိသာပြည့်စုံပြီး တမလွန်ချမ်းသာရေးပုညမျက်စိတော့ချွတ်ယွင်း
နေခဲ့ပါတယ်။ ဒါကြောင့် ဘုရားရှင်က ယခုဘဝချမ်းသာပြီး နောင်ဘဝဆင်ရဲ
အောင်လုပ်နေတဲ့တစ်ဖက်မြင်ပုဂ္ဂိုလ်ကိုလည်း မပေါင်းသင်းရ၊ ကိုယ်ပါ နောင်
ဘဝဆင်ရဲ့လိမ်မယ်။ အဝေးကြီးကရှောင်ကြပါလို့ဟေားကြားတော်မုခဲ့
ပါတယ်။
ဒါကြောင့် မျက်မှောက်ဘဝချမ်းသာအောင်လုပ်ကိုင်တတ်တဲ့ စီးပွါးရေးပညာ
ရှင်ပုဂ္ဂိုလ်၊ တမလွန်ချမ်းသာအောင် ဆောင်ရွက်တတ်တဲ့ကုသိုလ်ရေး+ပညာ
ရှင်ပုဂ္ဂိုလ်များကို အမြန်ချဉ်းကပ် နီးစပ်အောင်နေပြီး မှီခိုကြပါ။ပေါင်းသင်ကြ
ပါ၊ ဆက်ဆံကြပါလို့ဘုရားရှင်က တိုက်တွန်းနိုးဆော်တော်မူခဲ့ပါတယ်။
တရားသဖြင့်ကြီးပွါးချမ်းသာအောင် လုပ်ကိုင်ဆောင်ရွက်တတ်တဲ့စီးပွား
ရေးမျက်စိ၊ ကိုယ်တိုင်လည်းလှူ ၊သူတစ်ပါးလှူအောင်လည်းတိုက်တွန်းနိုး
ဆော်တတ်တဲ့ ကုသိုလ်ရေးမျက်စိ၊ အဲဒီလိုစီးပွားရေးမျက်စိ၊ကုသိုလ်ရေးမျက်
စိ၊ နှစ်ပါးစုံရှိမှ ယခုဘဝလည်းချမ်းသာ၊ နောင်ဘဝလည်းချမ်းသာမှာပါ။
ဒါကြောင့် ယခုဘဝလည်းချမ်းသာ၊ နောင်ဘဝလည်းချမ်းသာချင်ရင်
လုဖြစ်ရကျိုးနပ်ချင်ရင် စီးပွါးရေးမျက်စိ၊ ကုသိုလ်ရေးမျက်စိဘက်ပေါင်းစုံ
ကောင်းအောင်ကြိုးစားဖို့လိုပါတယ်ဆိုတဲ့ကြောင်းလေးကိုတင်ပြလိုက်ပါ
သည်………..။……..။
မြတ်ဗုဒ္ဓဟေားကြား
မှတ်မိသမျှ…..။
(ထားဝယ်သား)

Wednesday, March 24, 2010
ဘဝနေနည်း…
၁။အနေအထိုင်ရိုးသားပါစေ၊
၂။သိုသော် အမြင်မှာ ဆန်းကြယ်ပါစေ၊
၃။ခန္ဓာကိုယ်ဟာလှုပ်ရှားပေးလေ ကောင်းလေ၊
၎။သိုသော် စိတ်ဟာညိမ်သက်ပေးလေကောင်းလေ၊
၅။ကိုယ်အလေ့အကျင့်သည်ခက်ခဲ့၏၊
၆။သိုသော် ထိုကိုယ်အလေ့အကျင့်ထက် စိတ်အလေ့
အကျင့်သည်ပို၍ခက်ခဲ၏၊
၇။ခန္ဓာကိုယ်ဟာ ဧကန်မုချ ပျက်စီးမည်သာ၊
၈။သိုသော် စိတ်မပျက်စီးပါစေနှင့်၊
၉။ရွှေပန်းတိမ်းသည် မာနေသောရွှေကို အပူပေးပြီး
(နုးညံအောင်ပြုပြီး) လိုရာပုံသွင်းသလို သင့်စိတ်ကိုလည်း
သမာဓိဖြင့်နုးညံအောင်ပြုပြီးလိုရာပုံသွင်းယုပါ….။ ။
ရေးတတ်လို့တော့မဟုတ်ပါ ဖတ်ဖူးသမျှ မှတ်ဖူးသမျှလေးကိုမျှဝေပေးတာပါ….။

Tuesday, March 23, 2010
ဆရာကောင်း...
လောကမှာ ဆရာပီသတဲ့ ဆရာတိုင်းဟာ.ကိုယ့်ရဲ့တပည့်သား တိုင်းကို
ကိုယ့် ထက်ပိုတော်ပါစေ ပိုတတ်ပါစေ- ဆိုတဲ့ရည်ရွယ်ချက်နဲ့
ကိုယ်တတ်သမျှမချွင်းမချန်သင်ပေးရတယ် လို့ ..
ဆရာတော်တော်များက ကျွန်တော်ကိုသွန်သင်ပေးခဲ့ပါတယ်...။
ကိုယ့် ထက်ပိုတော်ပါစေ ပိုတတ်ပါစေ- ဆိုတဲ့ရည်ရွယ်ချက်နဲ့
ကိုယ်တတ်သမျှမချွင်းမချန်သင်ပေးရတယ် လို့ ..
ဆရာတော်တော်များက ကျွန်တော်ကိုသွန်သင်ပေးခဲ့ပါတယ်...။
့မိဘဂုဏ်အင်္ဂါ(၁၂ )ဖြာ
မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော သောဏနန္ဒဇာတ်လာ မိဘဂုဏ်(၁၂)ပါး။
၁။ မိဘဆိုတာကိုးကွယ်ရာ ဗြဟ္မာဖြစ်တော့သည်။
၂။ သွန်သင်ပြသ ဆိုဆုံးမ မိဘ ဆရာ ဖြစ်တော့သည်။
၃။ အလှူခံ ပုဂ္ဂိုလ် မိဘဆို လှူကို လှူရမည်။
၎။ အိမ်စောင့် အိမ်ဦး နတ်မြတ်ထူး အထူးပူဇော်မည်။
၅။ ခြင်ဆီရိုးထဲ လွန်စွာကဲ ချစ်လည်းချစ်ကြသည်။
၆။ မွေးဖွားပို့ဆောင် ဤလူ့ဘောင် ဂုဏ်ရောင်လင်းစေသည်။
၇။ နို့ချို တိုက်ကျွေး မွေးမြူပေး အလေးထားရမည်။
၈။ ယုယ ကြင်နာ ပိုးပမာ မွေးရှာခဲ့ကြသည်။
၉။ ပူပန်ကြီးစွာ စောင့်ရှောက်ကာ ကာကွယ်ပေးကြသည်။
၁၀။ လောကအကြောင်း လူ့အကြောင်း ကောင်းကောင်းညွှန်ပြသည်။
၁၁။ ယုယပိုက်ထွေး ချော့မြှူပေး နွေးထွေး ကြင်နာသည်။
၁၂။ ရတဲ့ ဥစ္စာ သားသမီးဖို့ပါ ဖွေရှာ ထိန်းသိမ်းသည်။
မိဘတို့သည် သားသမီးအပေါ်တွင် မည်မျှကောင်းကြောင်းကို ထင်ရှားစေသော စာသားများဖြစ်သည်။ အချို့
သောသားသမီးတို့သည် မိဘကိုပစ်ပယ်၍ ဘိုးဘွားရိပ်သာသို့ ပို့ထားကြသည်။ အချို့သော သားသမီးများက
မိဘတို့ကို စော်ကားကြသည်၊ ထိုသို့သာ သားသမီးများက မိဘကိုစော်ကားနေလျှင် ငရဲရောက်မည်မှာ ဧကန်
ပင်ဖြစ်သည်။ ထိုသို့ မဖြစ်ရလေအောင် လူတိုင်းသိရှိပြီး လိုက်နာနိုင်ရန်ရေးသားလိုက်ရပါသည်။ အထက်ပါ
စာသားများ၏ အကျယ်ရှင်းလင်းချက်မှာ..
၁။ သားသမီးအပေါ်တွင် ထာဝစဉ်မေတ္တာထားသောကြောင့် ဗြဟ္မာဖြစ်ပါသည်။
၂။ ငယ်စဉ်ကတည်းက ဒီလိုစား၊ဒီလိုသွား၊ဒီလိုနေ ဟူ၍ သင်ကြားပြသ ပေးသောကြောင့် လက်ဦးဆရာ
ဖြစ်သည်။
၃။ မိဘသည် ရပ်ဝေးတွင် စီးပွားရှာ၍ သားသမီးကိုကျွေးမွေးသည်။ သားသမီးကလည်း ထိုသို့ ပြန်လည်
လုပ်ကျွေး ထိုက်သော အာဟုနေယျပုဂ္ဂိုလ်ဖြစ်သည်။
၎။ သားသမီး ရှာဖွေသည်ကို မပျောက်ပျက်အောင် တိုးတက်အောင် စောင့်ရှောက်ပေးသော ပုဗ္ပဒေဝတာ ဖြစ်
သည်။
၅။ သားသမီးမမွေးခင် ကတည်းက ကြိုတင်ချစ်ခင်လွန်းသောကြောင့် သုဟဒဟုမည်သည်။
၆။ လူဖြစ်အောင် မွေးဖွားပေးခဲ့သော မိခင်၏ ဂုဏ်ကို ဇနေတ္ထိ ဟုခေါ်သည်။
၇။ နို့ချိုတိုက်ကျွေးခဲ့သော မိခင်၏ ဂုဏ်ကို ပေါသက ဟုခေါ်သည်။
၈။ ယုယကြင်နာစွာ မွေးဖွားပေးခဲ့သော မိခင်၏ဂုဏ်ကို ပေါသေန္တ ဟုခေါ်သည်။
၉။ အမြဲတစဉ် စောင့်ရှောက်နေတတ်သောကြောင့် အာပါဒက ဟုမည်သည်။
၁၀။ လူအကြောင်း၊လောကအကြောင်းကိုမိဘများ သိသမျှ သားသမီးများသိရအောင် ပြောပြသောကြောင့်
ဒေဿတာရ ဟုခေါ်သည်။
၁၁။ သားသမီးများကို ချော့ပြော၊နားဝင်အောင် ပြောသောကြောင့် တောသယန္တိ ဂုဏ်မည်သည်။
၁၂။ ကိုယ်သုံးဖို့ ရှာထားသောပစ္စည်းကို ကိုယ် ကိုယ်တိုင်မသုံးရက် ၊မစားရက်အောင် သားသမီး အတွက်
ချန်ထားသောကြောင့် ရသောဂုဏ်ကို ဂေါပယန္တိ ဟုခေါ်သည်။
မိဘကျေးဇူးအနန္တကို သိတဲ့အတိုင်း ဆပ်ခွင့်ရနိုင်ကြပါစေ….....သဘောကျလို့ကိုရင်လေးဘလော့မှcopyပါ...။
postအသစ်
posts အသစ်တွေမတင်ဖြစ်တာလဲ တော်တော်ကိုကြာခဲ့ပါပြီး
ဘာကြောင်မတင်ဖြစ်တာလဲ့ အလုပ်များလို့လား လို့ ဘယ်သူမှမမေးပါဘူး
ဒါပေမဲ့ ကိုယ်ဟာကိုပဟေဠိလုပ်ကြည့်တာပါ ဟဲဟဲ..
စိတ်မရှိပါနဲ့ အလုပ်အားတဲ့အချိန်းလေးတွေရှိတဲ့အခါကြရင်တော့တစိုက်မတ်မတ်
လုပ်ဖြစ်မှာပါလို့ထင်ပါတယ်...။

လူပေါင်းမမှားရန်
ဆာလောင်မွတ်သိပ်နေသူနှစ်ဦး ပေါင်းမိလို့
ပိုပြီးမဆာလာနိုင်ပေမဲ့၊
မိုက်သုနှစ်ဦးပေါင်မိရင်တော့အဆပေါင်းများစွာတိုးပြီးတော့
မိုက်မဲ့လာနိုင်ပါတယ် ။
ပိုပြီးမဆာလာနိုင်ပေမဲ့၊
မိုက်သုနှစ်ဦးပေါင်မိရင်တော့အဆပေါင်းများစွာတိုးပြီးတော့
မိုက်မဲ့လာနိုင်ပါတယ် ။
Monday, March 22, 2010
ဖြတ်လမ်းကမလိုက်ပါနှင့်
စီးပွါးရေးပဲ့ဖြစ်ဖြစ်ပညာရေးပဲဖြစ်ဖြစ်ဘယ်အရာမဆို
ြ ဖတ်လမ်းကမလိုက်ပါနဲ့ ဒေဝဒတ်ဟာ ဘုရားဖြစ်ကြောင်း ပါရာမီ(၁၀)ပါးကို မဖြည့်ကျင့်ဘဲ
ဖြတ်လမ်းကနေမတရားနည်းနဲ့ ဘုရားဖြစ်ခြင်လို့ အဝီစိငရဲသို့ကျရတယ်၊
ဘယ်အရာမဆို အကြောင်းကံမရှိဘဲ အကျိုးရခြင်လို့မဖြစ်ဘူး
အကြောင်းနဲ့ တူသော အကျိုးကို မုချခံစားရမှာဖြစ်တယ်၊
ထိုအကြောင်းသည် ကောင်းသောအကြောင်းကံသာဖြစ်ပါစေ။

Subscribe to:
Posts (Atom)