လာရောက်လည်ပတ်သူအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ

Tuesday, July 13, 2010

ရခဲခြင်း(၄)ပါး


၁.လူ့ဘဝကိုရရှိဖို့ရာ ခဲယဉ်းပါတယ်။

၂. အသက်ရှင်နေဖို့ရာ ခဲယဉ်းပါတယ်။

၃.မြတ်စွာဘုရားသာသနာတော်နဲ့ကြုံဖို့ရာ ခဲယဉ်းပါတယ်။

၎.သူတော်ကောင်းတရားတော်ကို နာကြားခွင့်ရဖို့လည်း ခဲယဉ်းပါတယ်။

ဒါကြောင့်ရခဲခြင်းလေးပါးဆုံနေချိန်မှာ အရိယာမဂ်ရအောင် အားထုတ်သင့်ပါတယ်။

” ရှေးကကောင်းလို့ ခုကောင်းပါသည်၊

ခုကောင်းရင် နောင်ကောင်းပါလိမ့်မည်။

ရှေးကမကောင်းလို့ ခုမကောင်းပါသည်၊

ခုမကောင်းရင် နောင်မကောင်းပါလိမ့်မည်။

” “အဓိပ္ပာယ်မဲ့တဲ့အလုပ်ကလေးကိုလုပ်မိလိုက်လို့ သတိလေးလည်းဝင်လာမယ်ဆိုရင် “ရူးတာ” လို့ ဘယ်သူမှမသိအောင် ကိုယ့်ကိုကိုယ်ပြောကြည့်ပါလား။ သတိဝင်တိုင်းမကြာမကြာပြောပြောပေးရင် ရူးချိန်တော့လျော့သွားမှာပါ။” “လူကောင်းဖြစ်ဖို့ရာ သိရုံနဲ့တင်မလုံလောက်ပဲ အကျင့်ပါကျင့်မှ လူသာဓုခေါ်၊ နတ်သာဓုခေါ်ပါတယ်။ လူကောင်းဖြစ်ချင်တဲ့စိတ်ရှိနေရင် လူကောင်းဖြစ်ဖို့အတွက် အခွင့်အလမ်းတစ်ခုပါပဲ။ အသိနဲ့အကျင့်ထပ်တူကျပါမှ လူကောင်းဖြစ်ပါမယ်။”

Categories: ရဝေနွယ် (အင်းမ)

No comments:

Post a Comment

ပြောချင်တာလေးပြောခဲ့ပါ

လှိုက်လှဲစွာ ကြိုဆိုပါ၏ လာလည်သူအပေါင်း အေးချမ်းသာယာကြပါစေသော်