လာရောက်လည်ပတ်သူအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ

Sunday, September 25, 2011

သစ္စာပါရမီအကြောင်း..

သစ္စာပါရမီ -

မှန်ကန်သောစကားကို ပြောဆိုဖြင့်ကျင့်ခြင်း။

ဗုဒ္ဓလောင်းလျာသည် မဟာသုတသောမမင်းဘဝတွင်

ပေါရိသာဒထံ သစ္စာပြု၍ သစ္စာစောင့်သောအားဖြင့် မိမိအသက်ကို

မငဲ့ဘဲ ပေါရိသာဒထံ ပြန်လာသကဲ့သို့ ဖြည့်ကျင့်အပ်သော

ပါရာမီပင်ဖြစ်သည်၊ အရိယသစ္စာပါရမီဟု ခေါ်သည်။


Striving to fulfil perfection in truthfulness;

Speaking the truth and abiding by it

The future Buddha, in a former existence as

King Mahasutasoma, returning to Porisada as

Promised, at the risk of his own life, is an example

Of striving to fulfil the perfection in truthfulness.

It is called Ariyasacca parami।


အရှင်ဇနက(ထားဝယ်)

Wednesday, September 21, 2011

အဓိဋ္ဌာနပါရမီအကြောင်..

အဓိဋ္ဌာနပါရမီ -

စိတ်ဆုံးဖြတ်သည့်အတိုင်း ခိုင်မြဲစွာ လိုက်နာကျင့်သုံးမှုကို အဓိဋ္ဌာန

ပါရမီဖြည့်ကျင့်ခြင်း။

မိမိစိတ်ကို ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်၍ ထိုဆုံးဖြတ်ချက်အတိုင်း

တိတိကျကျ လိုက်နာကျင့်သုံးမှုကို အဓိဋ္ဌာန်ပြုသည်ဟု ခေါ်သည်၊

မြင့်မြတ်သော ရည်မှန်းချက် ချထားသည့်အတိုင်း ကြိုးပမ်းဆောင်

ရွက်ခြင်းသည် အဓိဋ္ဌာနပါရမီ ဖြည့်ကျင့်ခြင်း မည်၏။


Striving to fulfil perfection with determination;

Striving to fulfilan objective in accordance with one’s

Own firm decision is called a resolution.

Striving to achieve a lofty goal relentlessly

Is called “fulfilling the perfection in Resolution।”


အရှင်ဇနက(ထားဝယ်)

Friday, September 16, 2011

ခန္တီပါရမီ အကြောင်း..

ခန္တီပါရမီ -

သည်းခံခွင့်လွှတ်မှုကို ဖြည့်ကျင့်ခြင်း။

အလောင်းတော် ခန္တီဝါဒီရသေ့သည် နှိပ်စက်သည်ကို

အမျက်မထွက်ဘဲ သည်းခံခွင့်လွှတ်တော်မူခြင်းသည် ခန္တီပါရမီ

ဖြစ်သည်။


Striving to fulfil perfection in patience;

To be patient and forbearing

The future Buddha in a past existence as the

Recluse khantivadi had his limbs amputated and

His ears cut off by others of kind kalabu. But the

Recluse khantivadi harboured no ill-will against the king

And forgave him. This is an example of striving to fulfil the

Perfection in patience।


အရှင်ဇနက(ထားဝယ်)နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ။

Tuesday, September 13, 2011

ဥပေက္ခာပါရမီ -

ဥပေက္ခာပါရမီ -

ဆင်ရဲခြင်း၊ ချမ်းသာခြင်း၊ ချီးမွမ်းခြင်း၊ကဲ့ရဲခြင်း စသည်တို့ကို

မတုန်မလှုပ် ကြံ့ကြံ့ခံ ရင်ဆိုင်သည့် အလေ့မျိုးိကို ဖြည့်ကျင့်ခြင်း။


Striving to fulfil perfection in equanimity Striving

To fulfil perfection in equanimity means

Having a balanced mind which withstands

Both pain and pleasure, praise and blame.

Saturday, September 10, 2011

ဝီရိယပါရမီ အကြောင်း....

ဝီရိယပါရမီ -

ဇွဲလုံ့လကို မလျော့စေဘဲ မနေမနားကြိုးစားအားထုတ်မှု

ကို ဖြည့်ကျင့်ခြင်း။

အလောင်းတော် မဟာဇနကမင်းသားသည် ပင်လယ်ထဲ

သင်္ဘောပျက်ရာ၌ အားလျှော့ငိုကြွေးမနေဘဲ ခုနှစ်ရက်တိုင်တိုင်

အလျှော့သောဇွဲဖြင့် ကူးခတ်ခဲ့၏ ။ ဤကား ဝီရိယပါရမီအတွက်

ကြိုးပမ်းမှုတစ်ရပ်ပေတည်း။


Striving relentlessly to fulfil the future Buddha,

Did not bewail his fate when his ship sank,

But swam relentlessly for seven days.

This is an example of striving for perfection

In effort.

ပြောချင်တာလေးပြောခဲ့ပါ

လှိုက်လှဲစွာ ကြိုဆိုပါ၏ လာလည်သူအပေါင်း အေးချမ်းသာယာကြပါစေသော်