လာရောက်လည်ပတ်သူအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ

Sunday, October 30, 2011

ခရီးသွားမှတ်တမ်း....(၁)

အိန္ဒိယနိုင်ငံမှခရီးစတင်ခြင်း..

၁၃၇၂ခုနှစ် တပေါင်းလအတွင်း, 2011 ।3လပိုင်းလောက်မှာအမိမြန်မာ

ပြည်ကိုအလွမ်းပြေအနေအားဖြင့်ပြန်ပြီးတော့ခေတ္တခဏအခြေချမိပါတယ်။

ဘာများထူးခြားသလဲလို့မေးချင်မေးပါလိမ့်မယ်။အရင်ကနဲ့စာရင်တော့

နည်းနည်းပြောင်းလဲလာသလို နည်းနည်းထူးခြားလာတယ်လို့ပြောလိုရ

ပါတယ်။ opposite အနေအားဖြင့် တိုးတက်လာတဲ့အရာတွေရှိသလို

ဆုတ်ယုတ်လာတဲ့အရာတွေလည်းမြောက်များစွာတွေ့ရပါတယ်။ အေးလေ

ဖြစ်ပြန်ပျက်ပြန် လောကဓံဆိုတာလည်းရှိသေးတာကိုး။

ဘယ်အရာမဆိုအကောင်းအဆိုး၊အကြောင်းအကျိုးဆိုတာဒွန်တွဲနေတာမို့

ကိုယ့်ဘက်ရော သူဘက်ရောကြည့်တတ်တော့စိတ်ချမ်းသာသွားတာပေါ့။

စာရေးသူလည်းဒီလိုပဲကြည့်ပြီးတော့ ကိုယ်လုပ်ရမည့်အလုပ်လေးတွေကို

တတ်နိုင်တဲ့ဘက်ကနေပြီးတော့အမိမြေကိုရောက်တုန်းကြိုးပန်းခဲ့တာလေးက

ိုရေးခြစ်မိပါသေးတယ်။အိန္ဒိယနိုင်ငံဂါယာမြို့လေယာဉ်ကွင်းထဲကိုရောက်

တယ်ဆိုရင်ဖြင့်ရာသီဥတုကလည်းပူပြင်းတဲ့ရာသီ နောက်ပြီးဗုဒ္ဓမြတ်စွာဘုရား

ရှင်၏သံဝေဂယူစရာနေရာဒေသအသီးသီးကိုလာရောက်ကြည်ညိုဖူးမျှော

်ကြတဲ့စာရေးသူတို့နိုင်ငံမှဒါယကာ ဒါယကာမတွေနဲ့ဆိုတော့ဂါယာလေယာဉ်

်ကွင်းကြီးဟာတိုးမပေါက်အောင်စည်ကားနေလေရဲ့။စာရေးသူတို့ပညာသင်ကြားနေ

သောအိန္ဒိယနိုင်ငံအကြောင်းလေးကိုအနည်း ငယ်လေးမိတ်ဆက်ပေးပါရစေ။

အိန္ဒိယနိုင်ငံရဲ့မြို့တော်သည်နယူးဒေလီဖြစ်ပါတယ်။ ပြည်နယ်ပေါင်း၂၈-ခု လူဦးရေအားဖြင့်တရုပ်နိုင်ငံပြီးလျှင် ဒုတိယအများဆုးံလို့ခေါ်

လိုရတယ်။ လူဦးရေအားဖြင့်သန်းပေါင်း ၁၀၀၀ကျော်နေထိုင်ကြပါတယ်။

ဇာတ်စနစ်ပေါင်းအားဖြင့် ၃၀၀၀ကျော်ရှိတယ်လို့သိရပါတယ်။

ဘာသာအားဖြင့်မြောက်များစွာရှိပါတယ်။အများအားဖြင့်တော့

ဟိန္ဒူဘာသာဝင်တွေဖြစ်ကြပါတယ်၊စာရေးသူတို့ကိုးကွယ်ဆည်းကပ်

ယုံကြည်တဲ့ဗုဒ္ဓမြတ်စွာပွင့်ထွန်းတော်မူခဲ့တဲ့နေရာဒေသမှန်ကန်သော်

လည်း အခုအချိန်မှာဗုဒ္ဓဘာသာကိုးကွယ်သူတွေဟာအနည်းစုပင်

ဖြစ်ပါတော့တယ်။အိန္ဒိယတောင်ပိုင်းဒေါက်တာအမ်ဘေဒကာပြန်

လည်ပြီးမျိုးစေ့ချပေးခဲ့တဲ့နေရာဒေသတွေကလွဲလို့ကျန်တဲ့နေရာဒေသတွေ

မှာဗုဒ္ဓဘာသာကိုးကွယ်သောသူကိုတွေ့ရဖို့ဆိုတာအလွန်တရာမှခဲ့လှပါတယ်။

သို့အတွက်ကြောင့် ဗုဒ္ဓဘာသာနှင့်ပတ်သက်တဲ့နေရာဒေသတွေကိုမ

ပျောက်မပျက်ရလေအောင်ပိုပြီးတော့မဆုတ်ရုတ်သွားရလေအောင်ဆိုပြီး

တော့ကမ္ဘာရှေ့ဟောင်းသုတေသနဌာနနှင့်ကမ္ဘာ့ဗုဒ္ဓဘာသာနိုင်ငံများရှိ

ထေရဝါဒ, မဟာယာနဗုဒ္ဓဘာသာဝင်နိုင်ငံတို့မှပူပေါင်းထိန်းသိမ်း

လျှက်ရှိပါတယ်။

မဟာရန်ကုန်မြို့သို့တဖန်ခြေချမိခြင်း..

အမိမြန်မာပြည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ကွင်းကြီးသို့

လေယာဉ်ဆင်းသက်တယ်ဆိုရင်ပဲရင်ထဲမှာပြောမပြတတ်

သောခံစားမှုတစ်မျိုးရလိုက်တာအမှန်ပါ၊ အော်...ပြန်ရောက်ခဲ့ပြီပေါ့

အမိမြေရယ်။စာရေးသူလည်းအခြားခရီးသည် တွေနဲ့အတူ

လေယာဉ်ပေါ်ကဆင်ခဲ့ပြီး Ferry ကားဆီသို့ဦးတည်လျှောက်လှမ်းခဲ့ပါတယ်။

သိပ်မကြာခင်မှာတော့ ပစ္စည်းတွေစက်မှအလိုအလျှောက်ထွက်လာသော

နေရာကိုရောက်ခဲ့ပါတယ်၊အဲဒီမှာ မရှိမဲ့ ရှိမဲ့ ပစ္စည်းလေး

တွေကိုရှာယူရတာပေါ့ ။သိပ်မစောင့်လိုက်ရပါဘူး စာရေးသူ၏ပစ္စည်းနှစ်ခုတွင်

တစ်ခုရောက်လာပါပြီ။

နောက်တစ်ခုတော့အတော်ကြာအောင်စောင့်နေတဲ့အချိန်ထိရောက်မလာ

သေးပါ ၊ အော်..ဒုက္ခပါပဲလား။

အတူလာတဲ့သူတွေလည်း ကိုယ့်ပစ္စည်း,သူ့ပစ္စည်းယူကာသွားကုန်ပြီး

စာရေးသူမှာတစ်ယောက်တည်း ပစ္စည်းကမလာ ဒုက္ခတော့ဖြစ်ပြီ

ပစ္စည်းကသူတစ်ပါးပစ္စည်း, ဒါမှအခက်ကြုံလေပြီ သိပ်မကြာလိုက်ပါ

ဒါယကာမတစ်ယောက်ခြေလှမ်းခပ်မြန်မြန်နဲ့

ပစ္စည်းတစ်ထုပ်ယူကာ လျှောက်လာပြီး ဆရာတော်ဘာကိုစောင့်နေတာလည်းတဲ့

အော်॥မေးမှမေးတတ်ပါလေချင်း။ သိလျှက်နဲ့

မေးတဲ့သူကလည်းလေယာဉ်အတူစီးလာတဲ့သူ

ပစ္စည်းမလာလိုစောင့်နေတယ်ဆိုတော့ ဒီပစ္စည်းလားဘုရားတဲ့။

မှန်းစမ်း॥ဆိုတော့သွေးထွက်အောင်မှန်နေပြီ။

ဒါနဲ့တော်သေးတာပေါ့။ဒါယာကာမလေးရယ်ဆိုကာစပ်ဖြီးဖြီးနှင့်လုပ်

လိုက်ရပါတောတယ်။တကယ်တမ်းစိတ်ဆိုမယ်ဆိုရင်စိတ်ဆိုးစရာတော့

တော်တော်လေးကိုကောင်းနေပြီပေါ့။ အစကတည်းကိုက သူ့ပစ္စည်း

ကိုယ်ပစ္စည်းမကွဲဘူးလားလို့တော့မေးချင်စရာ၊ဒါပေမဲ့အကောင်းဘက်ကပြန်

တွေးကြည့်တော့လည်းတော်တော်လေးကိုကျေးဇူးတင်စရာကောင်း

နေပြန်ပါပြီ။ဘာကြောင့်လဲဆိုတော့ သူ့ကိုယ်လဲကိုယ့်မသိ

ကိုယ့်ကိုလဲသူမသိ ဆိုတဲ့နေရာမှာပြန်မပေးဘဲသူယူသွားသော်လဲ

ကိုယ်ဘာမှတတ်နိုင်မည်မဟုတ်။သို့အတွက်ကြောင့်စပ်ဖြီးဖြီးနဲ့ပဲခွင့်

လွှတ်ခြင်းတရား သည်းခံခြင်းတရားရင်မှာပိုက်၍ကျေးဇူးတင်ပါတယ်

ဒါယကာမကြီးရယ်လိုပဲဆိုလိုက်ရတာပေါ့၊

ပစ္စည်းလေးကိုသယ်၍လေယာဉ်ကွင်းကြီးအပြင်ကိုရောက်တယ်ဆိုရင်ပဲ

ရှေးဘုန်းရှေးကံရှိတဲ့သူတွေကျတော့ကားကြီးကားငယ်အသွယ်သွယ်နှင့်

လာကြိုနေကြတာအစီအရီပါပဲ။စာရေးသူမှာတော့တစ်ယောက်တည်း

သောင်ပြင်လွှတ်ခံရတဲ့ဟင်္သာလေးတစ်ကောင်လိုပေါ့နော်…।

ဘယ်သူမှလာကျြိမဲ့သူမရှိပါ သိုပေမဲ့ အားမငယ်ပါ။ ဘာဖြစ်လိုလဲဆိုတော့ဘယ်

သူမပြုမိမိမှု့ပဲလေ။မှတ်မိတဲ့စာပိုက်တစ်ခုကဆိုရင်

"ရှေးကကောင်းလို့ အခုကောင်းပါသည်၊ အခုကောင်း၊နှောင်ကောင်းပါလိမ့်မည်၊

ရှေးကဆိုးတော့ အခုဆိုးပါသည်၊

အခုဆိုးတော့ နှောင်ဆိုးပါလိမ့်မည်….. "တဲ့

အော်...သူတို့မှာရှေးကကုသိုလ်ကောင်းမှုတွေလုပ်ခဲ့လို့အခုဘဝမှာကောင်း

ကျတာပါလား၊ဒီပုဂ္ဂိုလ်တွေယ္ခုဘဝမှာလည်း ကောင်းဦးမယ်ဆိုရင်

အနာဂါတ်ဘဝမှာ ကောင်းဦးမှာပဲလို့တွေးမိပါတယ်။

စာရေးသူမှာတော့ အရင်ဘဝကမကောင်းခဲ့လို့ယ္ခုဘဝမှာမကောင်းတာလို့

Result အနေအားဖြင့်သိနေပြီလေ။ ဒါဆိုရင် ယ္ခုဘဝမှာကောင်းတဲ့အလုပ်

တွေကိုလုပ်ခဲ့မယ်ဆိုရင် Future Life မှာပြောစရာလိုတော့မည်မထင်ပါ။

Result အနေအားဖြင့်မျှော်ကိုးတာတော့မဟုတ်ပါဘူး။ထွန်နောက်ကိုရေပါတယ်

ဆိုတာအစဉ်ထာဝရပါ။ လောကမှာယှဉ်ပြိုင်လို့မရတဲ့အရာတွေလည်းရှိသေး

တာကိုး”ရုပ်, သံ, ကံ, ဥာဏ်, ဤလေတန်းပြိုင်ရန်မရှိပါ” တဲ့လေ ရုပ်ချောတာ

မချောတာဆိုတဲ့ရုပ်၊ကံကောင်းတယ်ကံမကောင်းဘူးဆိုတဲ့ကံ၊အသံကောင်း

တယ်အသံမကောင်းဘူးဆိုတဲ့အသံ၊ဥာဏ်ကောင်းတယ် ဥာဏ်မကောင်း

ဘူးဆိုတဲ့ဥာဏ်။ဤတရားလေးပါးကိုလောကမှာယှဉ်ပြိုင်လို့မရဘူးဆိုတာ

လူတိုင်းအသိပါ၊ ရှိပါစေတော့လေ။

သိပ်မကြာတဲ့အတေားအတွင်းမှာဒါယကာတစ်ယောက်ရောက်လာ

ပြီးတော့ ဆရာတော်ဘယ်ကိုကြွခြင်ပါသလဲဘုရားတဲ့။ လေယာဉ်ကွင်းကနေပြီး

အင်းစိန်ဆိုရင်ဘယ်လောက်ကျတယ်၊ မြောက်ဥက္ကာလာဆိုရင်ဘယ်

လောက်ကျတယ်ဆိုပြီးလာပြောလေတော့ အခုမှဒါယကာအစစ်ရောက်

လာတာပါးလားလို့မှတ်ယူပြီး ဒါကာတော်ရေး॥အင်းစိန်ကိုကြွခြင်လို့။

ဘယ်လောက်ပေးရမလဲလို့မေးပြီးတက္ကစီလေးနဲ့ထွက်ခွါလာကာ

လေယာဉ်ကွင်းကြီးကျောခိုင်းခဲ့ပါတော့တယ်။


အရှင်ဇနက(ရွှေဝယ်သားလေး(မောင်းမကန်)

Sunday, October 9, 2011

အသောကကျောက်စာကပေးသောသင်္ခန်စာ.

ဘယ်အရာကိုမဆို တကယ်အရေးကြီးပြီဆိုရင် သတ္တိရှိဖို့လိုပါတယ်၊

အသောကမင်းကြီး၏ကျောက်စာတိုင်တိုမှပေးသောသင်္ခန်းစာများ၊

၁။ ကျောက်တိုင်ထိပ်မှာ ခြင်္သေရုပ် ရှိသောကျောက်စာတိုင်၊

၂။ ကျောက်တိုင်ထိပ်မှာ ဆင်ရုပ် ရှိသောကျောက်စာတိုင်၊

၃။ ကျောက်တိုင်ထိပ်မှာ နွားရုပ် ရှိသောကျောက်စာတိုင်၊

၎။ ကျောက်တိုင်ထိပ်မှာ မြင်းရုပ် ရှိသောကျောက်စာတိုင်၊


၁။ခြင်္သေ့လိုသတ္တိရှိပါ၊

၂။ဆင်လို ခွန်အားနဲ့အလုပ်လုပ်ပါ၊

၃။ နွားလို သည်းခံပြီးတော့သူတစ်ပါးအကျိုးသည်ပိုးပါ၊

၎။ မြင်းလို ဘာမဆိုမြန်မြန်လုပ်၊သွက်သွက်လုပ်ရပါတယ်။

Sunday, October 2, 2011

မေတ္တာပါရမီ အကြောင်း

မေတ္တာပါရမီ -

သူတစ်ပါး အကျိုး ဖြစ်ထွန်းရေးအတွက် ဖြည့်ကျင့်ခြင်း။

တုတ် ဓား လက်နက်များကို ချထား၍ သတ္တာဝါအားလုံးအား

မိမိရင်သွေးပမာ ချစ်ခင်ကြင်နာခြင်း၊ မည်သည့်သတ္တာဝါကိုမှ

ထိခိုက်နစ်နာအောင် အလုပ်ဆောင်ရခြင်းသည် မေတ္တာပါရမီကို

ဖြည့်ကျင့်ခြင်းဖြစ်၏။

Striving to fulfil perfection in loving-kindness and goodwill

T0ward allbwingss

In striving to fulfil perfection in loving-kindness and goodwill,

All weapons must be laid doen and all loving being

Loved and cherished as one’s own flesh and blood.


အရှင်ဇနက(ထားဝယ်)

ပြောချင်တာလေးပြောခဲ့ပါ

လှိုက်လှဲစွာ ကြိုဆိုပါ၏ လာလည်သူအပေါင်း အေးချမ်းသာယာကြပါစေသော်