လာရောက်လည်ပတ်သူအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ

Friday, July 30, 2010

ကုသိလ်ရကြောင်းတရား၁၀ပါး

ရတနာသုးံပါးနှင့် ကံ ကံ၏အကျိုးတရားကိုယုံကြည်ခြင်းဟူသောသဒ္ဓါတရားရှိလျှင်
ကုသိုလ်ရဖို့ လွယ်ပါသည်။

..ကုသိုလ်ရကြောင်းတရား ၁၀ ပါး...

၁..ဒါနကုသိုလ်.....နည်းများမဟူ၊သဒ္ဓါဖြူ၊ပေးလှူပုဇော်ပါ။

၂..သီလကုသိုလ်....ငါးပါးသီလ၊ရှစ်ပါးသီလ၊ကိုယ်းပါးသီလ၊ဆယ်ပါးသီလ၊များကိုကြိုးစားစောင့်ထိန်းပါ။

၃..ဘာဝနာကုသိုလ်.....သမထဘာဝနာ၊ဝိပဿနာဘာဝနာ၊ပွါးများအားထုတ်ပါ။

၎..အပစာယန.....ကြီးသုကိုမြင် ချစ်ခင်ရိုသေပါ။

၅..ဝေယျာဝစ္စ.....မှုကြီး၊မှုငယ်အသွယ်သွယ်ပြုဖွယ်ဆောင်ရွက်ပါ။

၆..ပတ္တိဒါန.....မိမိပြုရာကုသလာအမျှပေးဝေပါ။

၇..ပတ္တာနုမောဒန.....သူများလှူမှု ကုသိုလ်စု သာဓုခေါ်ကြပါ။

၈..ဓမ္မသာဝန.....ချိန်ခါသင့်ရာ တရားနာယူပါ။

၉..ဓမ္မဒေသနာ.....မိမိသိတဲ့တရားကိုဟေားကြားပေးပါ။

၁၀..ဒိဋ္ဌိဇုကမ္မ.....ကောင်းတာလုပ်ရင် ကောင်းကျိုးရတယ်၊ ဆိုးတာလုပ်ရင်ဆိုးပြစ်ခံရတယ်လို့ ကံ ကံ၏

အကျိုးတရားကိုယုံကြည်ပါ။



ရွှေဝယ်သားလေး(မောင်းမကန်)

Tuesday, July 13, 2010

ရခဲခြင်း(၄)ပါး


၁.လူ့ဘဝကိုရရှိဖို့ရာ ခဲယဉ်းပါတယ်။

၂. အသက်ရှင်နေဖို့ရာ ခဲယဉ်းပါတယ်။

၃.မြတ်စွာဘုရားသာသနာတော်နဲ့ကြုံဖို့ရာ ခဲယဉ်းပါတယ်။

၎.သူတော်ကောင်းတရားတော်ကို နာကြားခွင့်ရဖို့လည်း ခဲယဉ်းပါတယ်။

ဒါကြောင့်ရခဲခြင်းလေးပါးဆုံနေချိန်မှာ အရိယာမဂ်ရအောင် အားထုတ်သင့်ပါတယ်။

” ရှေးကကောင်းလို့ ခုကောင်းပါသည်၊

ခုကောင်းရင် နောင်ကောင်းပါလိမ့်မည်။

ရှေးကမကောင်းလို့ ခုမကောင်းပါသည်၊

ခုမကောင်းရင် နောင်မကောင်းပါလိမ့်မည်။

” “အဓိပ္ပာယ်မဲ့တဲ့အလုပ်ကလေးကိုလုပ်မိလိုက်လို့ သတိလေးလည်းဝင်လာမယ်ဆိုရင် “ရူးတာ” လို့ ဘယ်သူမှမသိအောင် ကိုယ့်ကိုကိုယ်ပြောကြည့်ပါလား။ သတိဝင်တိုင်းမကြာမကြာပြောပြောပေးရင် ရူးချိန်တော့လျော့သွားမှာပါ။” “လူကောင်းဖြစ်ဖို့ရာ သိရုံနဲ့တင်မလုံလောက်ပဲ အကျင့်ပါကျင့်မှ လူသာဓုခေါ်၊ နတ်သာဓုခေါ်ပါတယ်။ လူကောင်းဖြစ်ချင်တဲ့စိတ်ရှိနေရင် လူကောင်းဖြစ်ဖို့အတွက် အခွင့်အလမ်းတစ်ခုပါပဲ။ အသိနဲ့အကျင့်ထပ်တူကျပါမှ လူကောင်းဖြစ်ပါမယ်။”

Categories: ရဝေနွယ် (အင်းမ)

Sunday, July 11, 2010

အိမ်ကလေး














ဘဝရဲ့လုံခြုံမှု့ကိုပေးသောအိမ်ကလေး

အထီးကျန်လွန်သောအိမ်ကလေး

လူမနေသောအိမ်ကလေး ။

စာရေးသူအထင်ပါ မှားများမှားရင်
sorry ပါဗျာ ဟဲ ဟဲ ဟဲ.............။

ဘဝမမေ့ပါနဲ့



















လူအသက်တစ်ချောင်းဟာ ဝင်လေထွက်လေကြား၊သိုမဟုတ်


ထွက်လေနဲ့ဝင်လေကြားမှာပဲရှိတာမို့ ဝင်လေထွက်လေသည်

ပင်လျှင်လူတစ်ယောက်ရဲ့ဘဝပါပဲ မဟုတ်ပါလား။

ဝင်လေထွက်လေကိုမေ့နေတဲ့သူဟာ ဘဝကိုမေ့နေတဲ့သူဖြစ်ပြီး

ဝင်လေထွက်လေကိုမမေ့တဲ့သုဟာဘဝမမေ့တဲ့သူပါ။

ဘဝမမေ့တဲ့သူဖြစ်ချင်ရင် ဝင်လေထွက်လေမှာအမြဲမပြတ်၊

သိုမဟုတ် မကြာခဏသတိကပ်ထားပြီးသိနေပါလျှင်ဘဝ

မမေ့တဲ့သုဖြစ်နေပါပြီမဟုတ်ပါလား။


အရှင်ဆန္ဒ္ဒ္ဒဓိက စာအုပ်မှ
ကော်ပီလေးပါ။
ရွှေဝယ်သားလေး(မောင်းမကန်)

ရဟန်းတော်များ၏တာဝန်

ဂိဟီန မုပကာရာနံ၊
နိစ္စမာမိသ ဒါနတော၊
ကရောထ ဓမ္မဒါနေန၊
တေသံ ပစ္စုပကာရတံ။

ရဟန်းတို့ နေ့စဉ်၊လစဉ်၊နှစ်စဉ်၊ရဟန်တော်အရှင်မြတ်တို့အား ဆွမ်း၊သင်္ကန်း၊

ကျောင်း၊ဆေး၊ ပစ္စည်းလေးဖြာတို့ဖြင့်လှူဒါန်းကြရသော ဒါယကာ၊ ဒါယိကာမတို့အား


ဆုးံမသွင်သင် ယဉ်သထက်ယဉ်အောင် စီစဉ်ညွန်ကြား ဆုပေးခြင်း၊ရေစက်ချခြင်း၊


တရားဟေားခြင်းတို့ဖြင့်အရှင်ဘုရားတိုသည်ကျေးဇူးတုံ့ပြန်သောအနေဖြင့် ပြုကြကုန်လော့။


(ဗုဒ္ဒဝံသ အဋ္ဌကထာ)

Wednesday, July 7, 2010

အမှတ်တရယိုးဒယား



စာရေးသူ ရွှေဝယ်သားလေး(မောင်းမကန်)

စာမေးပွဲလေးမဖြေခင်အတေားအတွင်းလေးမှာ

ထိုင်းနိုင်ငံသို့သာသနာ့ပြုခရီးစဉ်ကြွယောက်

တော်မူတုန်းကပုံလေးတစ်ပုံပါ....ဟဲ..ဟဲ..

ပြောချင်တာလေးပြောခဲ့ပါ

လှိုက်လှဲစွာ ကြိုဆိုပါ၏ လာလည်သူအပေါင်း အေးချမ်းသာယာကြပါစေသော်