ယဉ်ကျေးမှု နုပညာဟူသည် လူသားတိုင်း မခံစားတတ်ပါချေ ။ဥပမာ ကမ္ဘာကျော် မိုနာလီဇာ၏ ပန်ချီကား ကိုပင်ဆိုကျပါစို့
မိုနာလီဇာ၏ အပြုံးသည် ကမ္ဘာပေါ်တွင် တုယှဉ်မရသည့်အလှဆုံး အနုယဉ်ဆုံး အပြုံးဟုဆိုကြတယ်။
သိုသော် ပန်ချီပညာ မျက်စိမရှိသူအတွက်မူ သာမာန်ပန်ချီကား တစ်ချပ်သာဖြစ်ချေမည်..။
အနုပညာ ဝါသနာပါသူနှင့် ပန်ချီတတ်မြောက်ထားသူများသာ မိုနာလီဇာ အပြုံးကို
ရသပြည့်စွာ ခံစားနိုင်ပါသည်။
ထိုနည်းတူစွာ ကမ္မဌာန်းခေါ်တရားအားထုတ်ခြင်းသည်လည်း လူတိုင်းအတွက်ခံစား၍မရပါချေ။
ဝါသနာ ပါသူနှင့် ပရာမီ `ဓာတ်ခေါ် အခြေခံရှိသူများသာ အားထုတ်လိုစိတ်နှင့် ဓမ္မပီတိ ပြည်ဝစွာ
ခံစားခွင့်ရနိုင်သည့် သဘာဝအလှအပတစ်ခု ဟုမြင်ပါတယ်..။
No comments:
Post a Comment