လာရောက်လည်ပတ်သူအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ

Friday, July 30, 2010

ကုသိလ်ရကြောင်းတရား၁၀ပါး

ရတနာသုးံပါးနှင့် ကံ ကံ၏အကျိုးတရားကိုယုံကြည်ခြင်းဟူသောသဒ္ဓါတရားရှိလျှင်
ကုသိုလ်ရဖို့ လွယ်ပါသည်။

..ကုသိုလ်ရကြောင်းတရား ၁၀ ပါး...

၁..ဒါနကုသိုလ်.....နည်းများမဟူ၊သဒ္ဓါဖြူ၊ပေးလှူပုဇော်ပါ။

၂..သီလကုသိုလ်....ငါးပါးသီလ၊ရှစ်ပါးသီလ၊ကိုယ်းပါးသီလ၊ဆယ်ပါးသီလ၊များကိုကြိုးစားစောင့်ထိန်းပါ။

၃..ဘာဝနာကုသိုလ်.....သမထဘာဝနာ၊ဝိပဿနာဘာဝနာ၊ပွါးများအားထုတ်ပါ။

၎..အပစာယန.....ကြီးသုကိုမြင် ချစ်ခင်ရိုသေပါ။

၅..ဝေယျာဝစ္စ.....မှုကြီး၊မှုငယ်အသွယ်သွယ်ပြုဖွယ်ဆောင်ရွက်ပါ။

၆..ပတ္တိဒါန.....မိမိပြုရာကုသလာအမျှပေးဝေပါ။

၇..ပတ္တာနုမောဒန.....သူများလှူမှု ကုသိုလ်စု သာဓုခေါ်ကြပါ။

၈..ဓမ္မသာဝန.....ချိန်ခါသင့်ရာ တရားနာယူပါ။

၉..ဓမ္မဒေသနာ.....မိမိသိတဲ့တရားကိုဟေားကြားပေးပါ။

၁၀..ဒိဋ္ဌိဇုကမ္မ.....ကောင်းတာလုပ်ရင် ကောင်းကျိုးရတယ်၊ ဆိုးတာလုပ်ရင်ဆိုးပြစ်ခံရတယ်လို့ ကံ ကံ၏

အကျိုးတရားကိုယုံကြည်ပါ။



ရွှေဝယ်သားလေး(မောင်းမကန်)

No comments:

Post a Comment

ပြောချင်တာလေးပြောခဲ့ပါ

လှိုက်လှဲစွာ ကြိုဆိုပါ၏ လာလည်သူအပေါင်း အေးချမ်းသာယာကြပါစေသော်