လာရောက်လည်ပတ်သူအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ

Tuesday, December 28, 2010

သင်ခန်းစာ

အတွေးအခေါ်ပညာရှိတဲ့သူဆိုတာ

သူများ အမှားကိုကြည့်ပြီး

ကိုယ့်အမှားမဖြစ်အောင်

သင်ခန်းစာယူတတ်တယ်။

အတွေးအခေါ်ပညာနည်းတဲ့

သူကျတော့ သူများအမှားကို

ကြည့်ပြီး သင်ခန်းစာမယူတတ်ဘူး။

ကိုယ့်ကိုယ်တိုင်မှားမှပဲသင်ခန်းစာ

ယူတတ်တယ်။

အတွေးအခေါ်ပညာလုံးလုံးမရှိတဲ့

သူကျတော့ ကိုယ်ကိုယ်တိုင်း

မှားတာတောင်သင်ခန်းစာမယူ

တတ်ဘူး....တဲ့။

Wednesday, December 22, 2010

အားလုံးဟာဒီလိုပါပဲ့

'နတ္ထိလောကေအနန္ဒိတော ' တဲ့

လုပ်ငန်းတစ်ခုလုပ်ကိုင်နေတဲ့အခါမှာကဲ့ရဲ့တဲ့အပိုင်းက

ကဲ့ရဲ့ကြသလို ချီးမွမ်းတဲ့ အပိုင်းကလည်း ချီးမွမ်းကြတယ်။

ကဲ့ရဲ့မှု ချီးမွမ်းမှုဆိုတာ ဘယ်နေရာမျိုးမှာမဆို လောကမှာအမြဲတမ်း

တည်ရှိနေတဲ့ သဘာဝဓမ္မပါပဲ့။

ဘာဖြစ်လို့ ချီးမွမ်းကြ ကဲ့ရဲ့ကြတာလည်းဆိုတော့

အကြောင်းမသိတဲ့သူက ကဲ့ရဲ့သလို

အကြောင်းသိတဲ့သူတွေက ချီးမွမ်းတယ်

တချို့ကြတော့ အကြောင်းသိလို့ ကဲ့ရဲ့တယ်

အကြောင်းမသိလိုချီးမွမ်းတယ်.....အားလုံးဟာ ဒါပါပဲ့..။

Friday, December 17, 2010

အပြစ်မရှာစေချင်..

အလုပ် လုပ်တယ်ဆိုတာ စနစ်တကျလုပ်ရတယ်

အစီအစဉ်ရေးဆွဲပြီး တိတိကျကျလုပ်ရတယ် ၊

သူများ ရဲ့အပြစ်ကိုချည်း မရှာရဘူး။

ကိုယ်အပြစ်ပဲ ကိုယ်ရှာကြည့်၊

ကိုယ်အပြစ် ကိုယ်ရှာလို့တွေ့တယ်ဆိုရင်

ပြင်ပေးလိုက်တာအကောင်းဆုးံပါ။

Wednesday, December 15, 2010

သတိထားစေချင်....

ဘယ်လို ဘဝမျိုးနဲ့ပဲနေနေ

ကိုယ်ကျင့်စာရိတ္တကောင်းအောင်နေ

ကိုယ်ကျင့်စာရိတ္တကောင်းရင်

လူကောင်းသူကောင်းလေးတွေ

ဖြစ်လာမှာအမှန်ပါပဲ...။

Sunday, December 12, 2010

ဂရုစိုက်ပါလေ..


အရာ ရောက်တဲ့ ပုဂ္ဂိုလ်တစ်ယောက်

ဖြစ်လာပြီဆိုရင်ပတ်ဝန်းကျင်ကကြည့်လာတယ်၊

ဂရုစိုက်လာတယ်။အရေးပါ အရာရောက်တဲ့

ပုဂ္ဂိုလ်ဆိုတာပတ်ဝန်းကျင်ရဲ့ အကြည့်ခံနိုင်အောင်

ပြောရ ဆိုရ၊ နေရ ထိုင်ရ၊ သွားရလာရတယ်။

Saturday, December 11, 2010

ဖြေရှင်းနည်းလေးပါ...

အခက်အခဲ့တစ်ခုကို ကြုံတွေ့လာတဲ့အခါ

တစ်ဦး တစ်ယောက်ထဲနဲ့ဆိုင်တဲ့ကိစ္စကို

တစ်ဦးတစ်ယောက်ထဲနဲ့ပဲ့ဖြေရှင်းရမယ်။

အများနဲ့ဆိုင်တဲ့ကိစ္စကိုအများနဲ့ပဲ့ ဖြေရှင်းရမယ်။

တစ်တိုင်း တစ်ပြည်လုံးနဲ့ဆိုင်တဲ့ကိစ္စကိုလည်း

တစ်တိုင်း တစ်ပြည်လုံးနဲ့ပဲ့ဖြေရှင်းရမယ်။

အဲ့ဒါမှ အမှာနည်းမှာ။

Friday, December 10, 2010

မေတ္တာစိတ်ကလေး..

ရွှင်ရွှင်လန်းလန်းကြည်ကြည်လင်လင်ရှိပြီး

ကိုယ်ချမ်းသာ စိတ်ချမ်းသာရှိကြသူတွေဟာ

မေတ္တာစိတ်ကလေး ရှိနေလိုပါ။

မေတ္တာစိတ်နည်းပါးသူတို့ရဲ့

မျက်နှာဟာကြည်လင်မှုမရှိပါဘူး

လူချစ်လူခင်လည်းနည်းပါးပါတယ်။

ရွှင်ရွှင်လန်းလန်းကြည်ကြည်လင်လင်ရှိပြီး


Thursday, December 9, 2010

အကောင်းကွက်ကိုရှာပါ..


ဒူးရင်းသီးရဲ့ ဆူးနဲ့ အနံကို

အဆိုးလို့ အပြစ်မြင်နေမယ်ဆိုရင်တော့

ဒူးရင်းသီးရဲ့ ချိုဆိမ့်တဲ့အရသာနဲ့

ခွန်အားပြည့်ဖြိုးမှုဆိုတဲ့ အကောင်းကို

လက်လွတ်ဆုံးရှုံးရမှာသေချာပါတယ်။

အရသာနဲ့ ခွန်အားဆိုတဲ့

အကောင်းကွက်ကိုမြင်အောင်ကြည်တတ်ရင်တော့

ဒူးရင်းသီးဟာဈေးကြီးပေးဝယ်စားရတဲ့

တန်ဖိုးကြီး အမြတ်တနိုးသစ်သီးအဖြစ်

စားထိုက်သူတွေရဲ့ ချစ်ခြင်းကို

ခံယူနေရတော့တာပါပဲ့။

Wednesday, December 8, 2010

ရည်မှန်းချက်...

လူတိုင်းဟာကိုယ့်ရည်မှန်ချက်

ပန်းတိုင်ရောက်ဖို့အတွက် လောကဓံ

ခရီးကြမ်းမှာ ဘဝတိုက်ပွဲမျိုးစုံကို

ဆင်နွဲနေကြရတာပါ။

ရည်မှန်းချက်ပန်းတိုင်မရောက်ခင်မှာ

အကြောင်းအမျိုးမျိုးတွေကြောင့်

မအောင်မြင်ခဲ့ကြသူတွေလည်း

ရှိကြပါတယ်။

အောင်မြင်ခဲ့ကြသူတွေလည်း

ရှိကြပါတယ်.။

Tuesday, December 7, 2010

ဘဝဆိုတာ...


ဘဝဆိုတာ လောကဇာတ်ခုံ အစုံစုံမှာ

နေရတာမို့ ဒီရေလိုပဲ့ အတက်အကျဆိုတာ

ရှိကြ စမြဲပါ ။

ပန်းတွေဟာ အနိမ့်မှာလည်းပွင့်ကြတယ်။

အမြင့်မှာလည်း ဖူးပွင့်ကြတယ် ။

လူဆိုတာလည်း ဘဝသမိုင်းပေးတာဝန်ကို

ထမ်းဆောင်နေရတဲ့အတွက်ဘယ်နေရာ

ဘယ်ဒေသမှာနေနေကိုယ့်ရဲ့ဘဝကို

အခြေလှလို့သာယာအေးချမ်းမှုတွေ

ရှိအောင်တော့နေတတ်ဖို့လိုပါတယ်..။

Monday, December 6, 2010

သစ္စာတရား...

သစ္စာဆိုတာ မှန်ကန်တဲ့အသိဖြစ်တယ်။

ရိုးသားပွင့်လင်းပြီးမှန်မှန်ကန်ကန်နေတတ်

သူဟာ သစ္စာရှင်ဖြစ်ပါတယ်..။

နောက်ပြီ


လူဆိုတာအတွေးအကြံတွေရှိထားရပါမယ်။

အတွေးအကြံဆိုတာ အနာဂတ်ဘဝအတွက်

ကောင်းသော အိပ်မက် ပန်ချီကားတစ်ချပ်

ရေးဆွဲနေခြင်းပဲ့ဖြစ်ပါတယ်။


Sunday, December 5, 2010

ရောက်ခဲ့ပါသည် ဗုဒ္ဓဂယာဆီ....


ဒီနေ့ တနင်္ဂနွေနေ့ပေါ့.....ကျောင်းတွေလဲပိတ်ထားလို့အားနေတာနှင့်

ကိုယ့်ဘလော့မှာ.....ပို့စ်အသစ်တင်မယ်လို့စိတ်ကူးရင်း ရောက်တတ်ရာရာလေး

တင်လိုက်တယ်ဗုဒ္ဓဂယာကို အင်တာနေရှင်နယ်

တိပိဋကရွတ်ဖတ်ပူဇော်ပွဲကိုရောက်ခဲ့တယ်....နိုင်ငံတကာကဗုဒ္ဓဘာသာ

ရဟန်းတော်တွေကိုဖူးတွေ့ရတော့ရင်ထဲမှာ အတိုင်းမသိတဲ့

ကြည်နူးမှုလေးတွေခံစားလိုက်ရတယ်......

နိုင်ငံတကာဆိုတော့လဲ ထိုင်း ကမ္ဘောဒီးယား လာအို ဗီယက်နမ် မြန်မာ

သီရိလင်္ကကာ နီပေါလ် တိဘက်အိန္ဒိယ အာသံ စသဖြင့်စသဖြင့်ပေါ့ဗျာ............

စာရေးသူတို့ရဲ့ ရွှေမြန်မာ မဏ္ဍပ်ကလဲ လန်ထွက်နေအောင်ကိုဆင်ထား

လိုက်ကြတာဆိုတော့ကျနော်လဲ ကြံဖန် ဂုဏ်ယူ ရတာပေါ့ဗျာနော့........

ကျနော်ပြောတာမယုံရင် ဒီဓါတ်ပုံတွေကိုကြည့်လိုက်ပေါ့....ကျနော်ပြောတာ မလွန်ဘူးနော်

လိုတောင်လိုနေဦးမယ်....တကယ်ပါ....အရမ်းကြည်နူးဖို့ကောင်းတာတော့ မယုံမရှိလိုက်နဲ့

မြတ်စွာဘုရားရှင်ပွင့်ထွန်းပေါ်ပေါက်တော်မူခဲ့တဲ့ ဟောဒီလိုဗုဒ္ဓဂယာမြေမြတ်မဟာကြီးမှာ

မြတ်စွာဘုရားရှင်45၀ါပတ်လုံးဟောကြားခဲ့တဲ့ ဓမ္မက္ခန္ဓာတရားတော်တွေကို ခုလိုတညီတညွတ်ထဲ

ပူဇော်ဆင်နွဲခွင့်ရဖို့ဆိုတာ ကြုံတောင့် ကြုံခဲ ကုသိုယ်ပွဲကြီးပဲလေ....

စာရေးသူလဲ ကိုယ့်ရဲ့ကိုယ်ပိုင်အချိန်လေးကို

ချိုးဖဲ့ပြီး အဲဒီပူဇော်ပွဲကြီး အရောက် သွားလို့ ဖူးမျှော်ပူဇော်ကြည်ခဲ့ရပါကြောင်းဗျာ..........။

Saturday, December 4, 2010

အတ္တသမား

လူဆိုသည်မှာ အတ္တသမား

ကိုယ့်အတွက်တော့ တစ်ကွက်ထား

သူများမှားတာမြင်ပါလျှင်

မေးငေါ့ မဲ့ရွဲ့ အပြစ်တင်

ကိုယ့်မှာပင် မှားပြန်က

ဖုံးလိုက် ဖိလိုက်ကြ

အတ္တဆန်သော ဤလောက

အံသြဘွယ်ရှိစွ...။



(အရှင်တေဇောဘာသ) စာအုပ်မှ .ရွှေဝယ်သားလေး(မောင်းမကန်)

Friday, December 3, 2010

မမြဲပြုံးပြနိုင်ပါစေ..

သင်က တစ်စုံတစ်ယောက်ကို ပြုံးပြလိုက်တဲ့အတွက် သင့်မှာ ဘာမှလျော့မသွားဘူး။

ဒါပေမယ့် တစ်ဖက်သားမှာ အများကြီးရသွားသလိုပဲ။

လူ့လောကမှာ ပြောတဲ့သူများတယ်။ နားထောင်တဲ့သူ နည်းတယ်။

တစ်ဖက်သားပြော တာကို တလေးတစား နားထောင်တာဟာ
အင်မတန်ကြီးမားတဲ့ ယဉ်ကျေးမှုပဲ။

ကိုယ့်စိတ်ထဲမှာ မရှင်းရင် ရဲရဲမေးဝံ့ရမယ်။

ရဲရဲတွေးဝံ့ရမယ်။ ပြောစရာရှိရင် ရဲရဲပြောဝံ့ရမယ်။


Blogger အာရုံတွေ့သောစာသားအချို့ပါ။

Thursday, December 2, 2010

ကြောင်းကံေ့ရှေရေစက်တွေကြောင့်..

ဘဝမှာဘယ်တော့မှပြန်မရနိုင်တော့တဲ့

ဆုံးရှုံးမှု နစ်နာမှု မှန်သမျှတွေကို

ထပ်ခါတလဲလဲ တွေးနေမိရင် စိတ်တွေဟာ

မွန်းကြပ်လွန်းလှပါတယ် ။

လူဆိုတာသေဖူးတဲ့ဘဝတွေကို

ရေတွက်လို့ မရနိုင်သလို ဘယ်အချိန်က

လူ့ဘဝ စခဲ့တယ်လိုလည်းရေတွက်လို့မရဘူး ။

လက်တွေ့ ဘဝမှာတော့ ဘယ်နေ့ကမှ

မွေးဖွားလာတာလို့ တွက်ချက်ရနိုင်ပေမယ့်

ဘယ်သံသရာအဆက်ဆက်က ရရှိခဲ့သလဲဆိုတာကိုမသိရပါဘူး ။

ဒီဘဝမှာ ကောင်းကျိုးဆိုးကျိုး

ဆိုတာတွေကို ခံစားနေရတာကိုက

ရှေဘဝရဲ့ ကြောင်းကံရေစက်တွေကြောင့်ပါပဲ့ ။

Wednesday, December 1, 2010

အကောင်းကိုတွေးထားပါ

အတွေ့အကြုံတွေ၊ အခြေအနေတွေအားလုံးဟာ

အသိညဏ်ဖြစ်ဖို့ ကုန်ကြမ်းတွေပဲ အသိညဏ်ဖြစ်လာရင်တော့

အဲဒါ ကုန်ချောဖြစ်သွားပြီ၊ အဲဒီအသိညဏ်ကပဲ ဘဝရဲ့ အဓိဗါယ်ဖြစ်တယ်။

ကိုယ့်အမှားတွေကို ကိုယ်သိပြီးတော့ ကိုယ်ဟာကိုယ် ပြုပြင်နိုင်တာဟာ

လွတ်လတ်မှု တစ်မျိုးဖြစ်ပါတယ်။

သူတစ်ပါးအကြောင်းကို ရာခိုင်နှုန်းပြည့် မသိနိုင်သေးရင်တဖက်သက်ကြီး

မထင်ထားပါနဲ့၊ မစွတ်စွဲပါနဲ့၊ မသိသေးရင် အကောင်းဆုံးကတော့

အကောင်းကိုပဲ တွေးထားလိုက်ပါ။


ပြောချင်တာလေးပြောခဲ့ပါ

လှိုက်လှဲစွာ ကြိုဆိုပါ၏ လာလည်သူအပေါင်း အေးချမ်းသာယာကြပါစေသော်